တရုတ်နိုင်ငံအရှေ့ပိုင်းပြည်နယ်က  လောင်စာဆီ ကုမ္ပဏီ ပေါက်ကွဲမှုဖြစ်ပွား

0
267

တရုတ်နိုင်ငံ အရှေ့ပိုင်း  ရှန်ဒေါင်းပြည်နယ် က လောင်စာဆီထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ ဒီကနေ့ မနက် အစောပိုင်းမှာ ပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး  ၆ ဦး  ဒဏ်ရာရရှိခဲ့ကာ ၇ ဦးပျောက်ဆုံးနေ ဆဲလို့ သိရပါတယ်။  အဲ့ဒီပေါက်ကွဲမှုဟာ  ဓါတ်ငွေ့သိုလှောင်ရုံက စတင်ပေါက်ကွဲမှုဖြစ်ပွားကာ သိုလှောင်ရုံ တစ် လျောက် မီးလောင်ကျွမ်းခဲ့တယ်လို့  Linyi Jinyu  ကုမ္ပဏီရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိအခြေအနေမှာ စက်ရုံထဲက ပေါက်ကွဲလွယ်တဲ့ ပစ္စည်းတွေကိုရွေ့ ပြောင်းထားပြီး စက်ရုံအတွင်းက အလုပ်သမားတွေကို  ပါ ဘေးကင်းရာနေရာကို ပြောင်းရွှေ့ထားခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)