ဗင်နီဇွဲလားအဓိကရုဏ်း ရပ်တန့်သင့်ပြီလို့ နာမည်ကျော် တီးဝိုင်းဆရာ ပြောဆို

0
280

နာမည်ကျော်တီးဝိုင်းခေါင်းဆောင် ဂူစတာဗိုဒူဒါမဲလ်က ဗင်နီဇွဲလားအစိုးရအနေနဲ့ ပြည်တွင်းမှာ အဓိကရုဏ်းဖြစ်စဉ်တွေကို ရပ် တန့်နိုင်ဖို့ ကြိုးပမ်းသင့်ပြီလို့ တိုက်တွန်းပြောဆို လိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့မှာ ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်းမှာ အသက် ၁၈နှစ်အရွယ် ဂီတသမားတစ်ဦး သေဆုံးခဲ့ရပြီး နောက်မှာ ဒူဒါမဲလ်က အခုလိုပြောဆိုလိုက်တာပါ။

“ သွေးစွန်းတဲ့အဖြစ်ကို ဘယ်အရာကမှ တရားမျှတမှုဖြစ်အောင် မလုပ်နိုင်ပါဘူး” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဒူဒါမဲလ်က ရေးသားခဲ့ပါတယ်။ ဧပြီလအစောပိုင်းက စတင်ပြီး ဖြစ်ပေါ်ခဲ့တဲ့ ဗင်နီဇွဲလား လူထုဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃၀ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ရာနဲ့ချီနေပါပြီ။

အတိုက်အခံတွေက စိုးမိုးထားတဲ့ အမျိုးသားလွှတ်တော်ကို သမ္မတက အာဏာသိမ်းယူဖို့ တရားရုံးဆုံးဖြတ်ချက်နဲ့ ကြိုးပမ်းခဲ့မှုကြောင့် လူထုအုံ့ကြွမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ အထွေထွေကျပ်တည်းမှုနဲ့ ရင်ဆိုင်နေရပြီး အခြေခံစားသောက်ကုန်တွေလည်း ရှားပါးနေပါတယ်။ ဒါ့အပြင် ငွေကြေးဖောင်းပွမှုကလည်း ၇၀၀ % ဖြစ်နေကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)