ယာယီတက်တူးထိုးပြီး အနာတွေဖြစ်လာတဲ့ ဗြိတိန်က အသက်၂၂ အရွယ် မိန်းကလေး

0
351

အသက် ၂၂ သက်ရှိသေးတဲ့ ဗြိတိန်နိုင်ငံက မိန်းကလေးတစ်ဦးဟာ ဟန်းနား အနက်ရောင်တက်တူး တစ်ခုကို သူမရဲ့ လက်မှာထိုးပြီး မကြာခင်မှာပဲ အဖုအပိန့်တွေ ပေါက်လာခဲ့ပါတယ်။

ဓာတ်မတည့်မှုကြောင့် တက်တူးထိုးထားတဲ့ နေရာမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အပူလောင်သလို အဖုအပိန်တွေ ပေါက်လာရခြင်းပဲ ဖြစ်ပါတယ်။

သူမရဲ့ မိသားစုနဲ့အတူ အားလပ်ရပ်တစ်ခုမှာ မော်ရိုကိုက ကမ်းခြေတစ်ခုကို သွားရောက်လည်ပတ်ရင်း လမ်းဘေးတက်တူးထိုးဆိုင် တစ်ဆိုင်မှာ အခုလို လူအများကြားရေပန်းစား ကျော်ကြားလှတဲ့ ယာယီတက်တူးလို့ ခေါ်တဲ့ ဟန်းနားတက်တူးကို ထိုးခဲ့ရင်း အခုလိုခံစားခဲ့ရတာပဲဖြစ်ပါတယ်။

အဲဒီအခြေအနေကြောင့် ဗြိတိသျှ Skin Foundation က နွေရာသီမှာ ကမ်းခြေကိုသွားလာတဲ့ သူတွေအတွက် ‘black henna’ ယာယီတက်တူးမှာ ဘေးထွက်ဆိုးကျိုး အများအပြားပါရှိကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)