အိန္ဒိယငါးဖမ်းသမား ၃၀ ကျော် ပါကစ္စတန် ဘက်က ဖမ်းဆီးထား

0
342

ပါကစ္စတန်ရေကြောင်း လုံခြုံရေးအရာရှိတွေက အိန္ဒိယ ငါးဖမ်းသမား ၃၀ ကျော်ကို မနေ့က ဖမ်းဆီးထားခဲ့တယ်လို့ ရဲဌာန က ထုတ်ဖော်ပြောလိုက်ပါတယ်။

သူတို့ဟာ ပါကစ္စတန်ရေပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်ပြီး ငါးဖမ်းတဲ့အတွက်ကြောင့် ဖမ်းဆီးတာဖြစ်ကြောင်းနဲ့ လက်ရှိအခြေအနေမှာ ရေပိုက်နက်ထဲ ကျူးကျော်လာတဲ့ ငါးဖမ်းစက်လှေ ၅ စီးကိုလည်း ထိမ်းသိမ်းထားကြောင်း တာဝန်ရှိသူတွေက ပြောဆို လိုက်ပါတယ်။

သူတို့ဟာ မေလ ၃ ရက်နေ့က စတင်ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိအခြေအနေမှာ သူတို့ကိုကာကွယ်မှု ရရှိဖို့အတွက် မျှော်လင့်လျက် ရှိနေပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံဟာ နှစ်နိုင်ငံရေပိုင်နက်အတွင်း ငါးခိုးဖမ်းမှု လျော့ကြစေဖို့ ရည်ရွယ်ပြီး ၀င်ရောက်လာတဲ့ ငါးဖမ်းသမား တွေကို ဖမ်းဆီးနေကြ တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)