ရွေးကောက်ပွဲမှာ အမေရိကန် ၀င်မစွက်ဖက်ဖို့ တောင်ကိုရီးယား သမ္မတလောင်း ပြော

0
257

တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲမှာ ထိပ်ဆုံးကပြေးနေတဲ့ မစ္စတာမွန်ဂျေအင်းက တိုင်းပြည်ရဲ့ဒီမိုကရေစီအရေးကို အမေရိကန်နိုင်ငံအနေနဲ့ ၀င်ရောက်စွက်ဖက်မှုမလုပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။

ဒါဟာ သိပ်ကိုနီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ မဟာမိတ်နိုင်ငံအပေါ်မှာ တောင်ကိုရီးယားရဲ့နိုင်ငံရေးသမားတစ်ဦးအနေနဲ့ ရှားရှားပါးပါးပြောဆိုလိုက်တဲ့ စကားပဲဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ဒုံးကျည်ကာကွယ်ရေးစနစ် အလျင်အမြန်တပ်ဆင်ခဲ့တဲ့ကိစ္စ၊ အမေရိကန်ဒုံးကျည်ကာကွယ်ရေး စနစ်ကိုအသုံးပြုတဲ့အတွက် ဒေါ်လာ ၁ ဘီလျံပေးသင့်တယ်ဆိုတဲ့ သမ္မတရန့်ရဲ့ပြောစကားတွေနဲ့ ပတ်သက်ပြီး မစ္စတာမွန်ဂျေအင်းက အခုလို ပြောကြားခဲ့ပါတယ်။

“ အခုလိုမျိုး နိုင်ငံရေးအခြေအနေက အကဲဆတ်နေချိန်မှာ တောင်ကိုရီးယားအိမ်စောင့်အစိုးရအနေနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ကို အဆောတလျင် တပ်ဆင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ သမ္မတရွေးကောက်ပွဲလည်း နီးကပ်နေတယ်မဟုတ်လား။ ပြည်သူ့အသံကိုနား မထောင်ရသေးသလို ပတ်ဝန်းကျင် ထိခိုက်မှုစတာတွေကိုလည်း မစိစစ်ရသေးဘူး၊ ပြောချင်တာက ဒီမိုကရေစီလမ်းစဉ်အတိုင်း ဒီ ကိစ္စကို မဆုံးဖြတ်နိုင်သေးဘူး၊ အဲဒီလိုလုပ်ရပ်မျိုးကို အမေရိကန်မှာကော လုပ်လို့ရပါသလား။ ကွန်ဂရက်နဲ့ သဘောတူညီမှုမရ ဘဲ အမေရိကန်အစိုးရက ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လုပ်ဆောင်လို့ မရနိုင်ပါဘူး” လို့ သူက ပြောဆိုခဲ့တာပါ။

တကယ်တော့ တောင်ကိုရီးယားအစိုးရအနေနဲ့ ဘေဂျင်းရဲ့ငြိုငြင်မှုကို ခံရတာနဲ့ပဲ ဒေါ်လာ ၁ ဘီလျံဖိုးမက ဆုံးရှုံးနေရတာကြောင့် ဒုံးကျည် ကာကွယ်ရေးစနစ် တပ်ဆင်ခကို ပေးပြီးသားဖြစ်နေပြီလို့တောင် သုံးသပ်ရမယ့်သဘောဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)