ဆီးရီးယားအစိုးရ ဓာတုလက်နက် ဆက်ထုတ်လုပ်နေ

0
259

သမ္မတအာဆတ်ရဲ့ ဆီးရီးယားအစိုးရဟာ ၂၀၁၃ ခုနှစ်က သဘောတူညီချက်ကို ချိုးဖောက်ပြီး ဓါတုလက်နက်တွေကို ဆက်ထုတ် လုပ်နေကြောင်း အနောက်နိုင်ငံထောက်လှန်းရေး အေဂျင်စီတစ်ခုက ပြောဆိုလိုက်ပါတယ်။

ဒတ်မတ်စကတ်မြို့နဲ့ ဟာမားမြို့တွေမှာ အဆိုပါဓါတုလက်နက်ထုတ်လုပ်မှုပြုလုပ်တဲ့နေရာ သုံးခုရှိနေကြောင်း ထောက်လှန်းရေး သတင်းက ဖော်ပြခဲ့ပါတယ်။

အဆိုပါထုတ်လုပ်မှုတွေကို ဆီးရီးယားရဲ့မဟာမိတ်ဖြစ်တဲ့ အီရန်နဲ့ ရုရှားနှစ်နိုင်ငံစလုံးက သိရှိကြောင်းလည်း ဒီသတင်းက ဆက်လက်ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်လခန့်က ဆီးရီးယားအစိုးရက ခမ်ရှိတ်ဟွန်မြို့မှာ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၉၀ ခန့်သေဆုံးခဲ့ရတယ်လို့ အနောက် နိုင်ငံတွေက ပြောပါတယ်။

အဲဒီလိုအပြစ်မဲ့တဲ့ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတအာဆတ်ရဲ့လေကြောင်းအခြေစိုက် စခန်းတစ်ခုကို အမေရိကန်က ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အစိုးရသိပ္ပံသုတေသန အမည်ခံထားတဲ့ဌာနသုံးခုမှာ ဓာတုလက်နက် ထုတ်လုပ်မှုတွေ ဆက်လုပ်နေတာဖြစ်တယ်လို့ အဆိုပါထောက်လှန်းရေးသတင်းက ဖော်ပြခဲ့ပါတယ်။

၂၀၁၃ခုနှစ်က အမေရိကန်၊ ရုရှားတို့နဲ့ချုပ်ဆိုထားတဲ့ စာချုပ် (CWC) အရ အာဆတ်ဟာ ဓါတုလက်နက်ထုတ်လုပ်မှုကို လုံးဝရပ် ဆိုင်းရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)