မင်းသားကြီးဖီးလစ် တော်ဝင် တာဝန်ဝတ္တရားတွေကနေ အနားယူပြီ

0
279

လာမယ့် ဇွန်လမှ အသက် ၉၆ နှစ်ပြည့်မယ့် ဗြိတိန်မင်းသားကြီး ဖီးလစ်ဟာ လာမယ့် ဆောင်းရာသီကနေ စတင်ပြီး တော်ဝင်မင်း သားတစ်ပါးရဲ့ တာဝန်ဝတ္တရားတွေကနေ အနားယူတော့မှာဖြစ်ကြောင်း ဘတ်ကင်ဟမ်နန်းတော်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို မင်းသားကြီးဖီးလစ်က ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဘုရင်မကြီးကလည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို အားပေးထောက်ခံခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ကနေ လာမယ့်သြဂုတ်လအထိ စီစဉ်ထားတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ ပွဲတွေမှာတော့ မင်းသားကြီးဖီးလစ်ဟာ တော်ဝင်မင်းသား တစ်ပါးအဖြစ် ပြည်သူတွေအကြား လာရောက်ဦးမှာဖြစ်ပါတယ်။

ဘုရင်မကြီးကတော့ တော်ဝင်မျိုးနွယ်အနေနဲ့ အများပြည်သူတို့ရဲ့အရေးကိစ္စတွေမှာ ဆက်လက်ပါဝင်နေဦးမှာပဲဖြစ်ပါတယ်။

မင်းသားကြီးဖီးလစ်ဟာ ဗြိတိန်နိုင်ငံက အဖွဲ့အစည်းပေါင်း ၇၈၀ ကျော်ရဲ့ နာယက၊ ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာတိုင် အောင်တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ တော်ဝင်မိသားစုထဲမှာ မင်းသားကြီးက ပဉ္စမမြောက်အလုပ်အများဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် သီရေဆာမေက မင်းသားကြီးဖီးလစ်အနားယူတော့မယ့် ကိစ္စနဲ့ပတ်သက်ပြီး မင်းသားကြီးဟာ တိုင်းပြည်အတွက် အင်မတန်ကျေးဇူးများခဲ့ကြောင်းနဲ့ ဆုမွန်ကောင်းတောင်းဆိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)