ဆိုမာလီဝန်ကြီး မိုဂါဒစ်ရှုးမြို့မှာ မှားယွင်း ပစ်သတ်ခံရ

0
270

ဆိုမာလီယာနိုင်ငံရဲ့ အသက် ၃၁ နှစ်အရွယ် ၀န်ကြီးတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွနဲ့ မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

မြို့တော်မိုဂါဒစ်ရှုးက သမ္မတနန်းတော်အနီးမှာ သူ့ရဲ့ကားအတွင်းရှိနေချိန် အဲဒီလိုပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း အရာရှိတွေက ဆက်လက်
ပြောဆိုခဲ့ပါတယ်။

အဆိုပါဝန်ကြီး အက်ဘာစ်အဗ္ဗဒူလာရှိတ် သေဆုံးမှုကြောင့် ဆိုမာလီယာသမ္မတဟာ အီသီယိုပီးယားကို သွားရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံပိုင် ရေဒီယိုသတင်းက ဖော်ပြခဲ့ပါတယ်။

အက်ဘာစ်ဟာ ဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလက ဆိုမာလီယာနိုင်ငံရဲ့အသက်အငယ်ဆုံး လွှတ်တော်အမတ် ဖြစ်လာခဲ့သူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ၀န်ကြီးဖြစ်လာခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့တဲ့ ဆိုက်ဒ်ဘာရီကို ဖယ်ရှားခဲ့ချိန်ကစပြီး ပြည်တွင်းပဋိပက္ခတွေ မြင့်တက်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အယ်ကေဒါးနဲ့ အဆက်အသွယ်ရှိတဲ့ အစ္စလာမ်မစ်စစ် သွေးကြွတွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)