သတၱဳပိုက္ ကိုင္ေဆာင္တဲ့ လူမည္းတစ္ဦးကို ရဲေတြ ပစ္သတ္

0
358

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ သတၱဳပိုက္တစ္ခု ကိုင္ေဆာင္ထားတဲ့ လူမည္းတစ္ဦးကို နယူးေယာက္ရဲေတြက ပစ္သတ္လိုက္မႈ ျဖစ္ပြားခဲ့ပါတယ္။  

ဘရြတ္ကလင္း၊ ခေရာင္းဟိုက္မွာ လမ္းသြားလမ္းလာတစ္ဦးက လူတစ္ဦးဟာ လက္နက္တစ္ခုနဲ႔ ခ်ိန္ရြယ္ေနတယ္လို႔ ဖုန္းဆက္ အေၾကာင္းၾကားတဲ့အတြက္ ရဲေတြ ေရာက္လာၿပီး ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ လူမည္းအမ်ိဳးသားဟာ လက္ႏွစ္ဖက္နဲ႔ ေသနတ္ပစ္တဲ့ပံု ျပဳလုပ္ၿပီး ရဲေတြနဲ႔ အရပ္ဝတ္ရဲေတြကို ပစ္ခတ္မယ့္ပံု ျပဳလုပ္ခဲ့တယ္လို႔ ရဲအႀကီးအကဲ တားရန္႔ မိုနာဟန္က ေျပာပါတယ္။

လူတစ္ဦးဟာ ေသနတ္လို႔ ထင္တဲ့အရာတစ္ခုနဲ႔ ခ်ိန္ရြယ္ေနတယ္လို႔ ၉၁၁ ကို ဖုန္းဆက္ေခၚခဲ့ပါတယ္၊ ရဲေတြ ေရာက္သြားခ်ိန္မွာ ရဲေတြကိုလည္း အဲဒီလိုပဲ ခ်ိန္ရြယ္ခဲ့ပါတယ္လုိ႔ သူက ေျပာပါတယ္။

အခုျဖစ္သြားတဲ့ ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးမွာ ျဖစ္ၿပီး အနီးရွိ စတိုးဆိုင္က ေစာင့္ၾကည့္ကင္မရာေတြကို စစ္ေဆးရာမွာလည္း ေသနတ္လို႔ ထင္ရတဲ့အရာကို ကိုင္ထားတာ ေတြ႔ရတယ္လို႔ သူကဆက္ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

သတ္တုပိုက် ကိုင်ဆောင်တဲ့ လူမည်းတစ်ဦးကို ရဲတွေ ပစ်သတ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ သတ္တုပိုက်တစ်ခု ကိုင်ဆောင်ထားတဲ့ လူမည်းတစ်ဦးကို နယူးယောက်ရဲတွေက ပစ်သတ်လိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဘရွတ်ကလင်း၊ ခရောင်းဟိုက်မှာ လမ်းသွားလမ်းလာတစ်ဦးက လူတစ်ဦးဟာ လက်နက်တစ်ခုနဲ့ ချိန်ရွယ်နေတယ်လို့ ဖုန်းဆက် အကြောင်းကြားတဲ့အတွက် ရဲတွေ ရောက်လာပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လူမည်းအမျိုးသားဟာ လက်နှစ်ဖက်နဲ့ သေနတ်ပစ်တဲ့ပုံ ပြုလုပ်ပြီး ရဲတွေနဲ့ အရပ်ဝတ်ရဲတွေကို ပစ်ခတ်မယ့်ပုံ ပြုလုပ်ခဲ့တယ်လို့ ရဲအကြီးအကဲ တားရန့် မိုနာဟန်က ပြောပါတယ်။
လူတစ်ဦးဟာ သေနတ်လို့ ထင်တဲ့အရာတစ်ခုနဲ့ ချိန်ရွယ်နေတယ်လို့ ၉၁၁ ကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်၊ ရဲတွေ ရောက်သွားချိန်မှာ ရဲတွေကိုလည်း အဲဒီလိုပဲ ချိန်ရွယ်ခဲ့ပါတယ်လို့ သူက ပြောပါတယ်။ အခုဖြစ်သွားတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှာ ဖြစ်ပြီး အနီးရှိ စတိုးဆိုင်က စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးရာမှာလည်း သေနတ်လို့ ထင်ရတဲ့အရာကို ကိုင်ထားတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)