စိန့်ပီတာစဘတ် ဗုံးခွဲသူ အမည်နဲ့ ဓာတ်ပုံ ရုရှား ထုတ်ဖော်

0
279

ရုရှားနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ စိန့်ပီတာစဘတ်ရဲ့ မြေအောက်ရထား ဘူတာရုံမှာ ဧပြီလ ၃ ရက်နေ့က အသေခံဗုံးခွဲသူဟာ ကာဇက်စတန်ဖွား ရုရှနိုင်ငံသား အက္ကဘာဇွန် ဇာလီလော့ဗ် (Akbarzhon Dzhalilov) ဖြစ်တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဇာလီလော့ဗ်ဟာ အသက် ၂၂ နှစ်ရှိပြီး သူ့ရဲ့ အသေခံဗုံးခွဲမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်အဖွဲ့ရှိတယ်ဆိုတာကို ခုထိ မသိရသေးပါဘူး။

ဗုံးကွဲချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ စိန့်ပီတာစဘတ်မြို့ကို ရောက်ရှိနေချိန်ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)