ထိုင်ဝမ်မှာ ရေငုပ်သင်္ဘော ၈ စင်းတည်ဆောက်မယ်

0
279

ထိုင်ဝမ်မှာ ရေငုပ်သင်္ဘော ၈ စင်း တည်ဆောက်ဖို့ ဒီကနေ့ ဧပြီလ ၅ ရက်နေ့မှာ ရေတပ်ဦးစီးချုပ် လီဆူရှီက ဥပဒေပြုအမတ်တွေကို ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်နိုင်ငံ အတွင်းမှာ လက်ရှိ ရှိနေတဲ့ ရေငုပ်သင်္ဘော ၄ စင်းဟာ အိုဟောင်းနေပြီ ဖြစ်တဲ့အတွက် ရေငုပ်သင်္ဘော အသစ်တွေ လိုအပ်ကြောင်း အတည်ပြု ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ လာမယ့် ၁၀ နှစ်တာအတွင်း စစ်ဆင်ရေးတွေ ပြုလုပ်သွားဖို့ ပထမဆုံး လိုအပ်ချက်ကတော့ ရေငုပ်သင်္ဘောပဲ ဖြစ်တယ်လို့ စစ်တပ်နဲ့ ကာကွယ်ရေး ဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကလည်း ပြောပါတယ်။

အမေရိကန်သမ္မတနဲ့ တရုတ်အစိုးရတို့ရဲ့ တွေ့ဆုံမှုကြောင့် ထိုင်ဝမ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက် လာနိုင်ကြောင်းလည်း ပြောဆိုထားပါသေးတယ်။ တရုတ်ကတော့ ထိုင်ဝမ်ကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

အမေရိကန်ဘက်က ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချပေးခဲ့တဲ့ အတွက်ကြောင့်လည်း တရုတ်အစိုးရကို ဒေါသ ထွက်စေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အမေရိကန် နိုင်ငံဟာ ထိုင်ဝမ်ကို နောက်ထပ် လက်နက်တွေ ရောင်းချဖို့ ညှိနှိုင်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)