နယူးယောက် ကမ်းခြေမှာ ဝေလငါးတစ်ကောင် သေဆုံး

0
353

အမေရိကန်၊ နယူးယောက်မြို့၊ ရောခ့်ကဝေး ကမ်းခြေမှာ ဝေလငါးတစ်ကောင် ဧပြီလ ၄ ရက်နေ့က သောင်တင် သေဆုံးနေတယ်လို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

အဲ့ဒီသေဆုံးနေတဲ့ ဝေလငါးဟာ ၇ ဒသမ ၆၂ မီတာ ရှည်လျားပြီး ဧပြီလ ၃ ရက်နေ့က ကမ်းခြေနဲ့ မိုင်းပိုင်းများစွာ ဝေးတဲ့နေရာမှာ ကမ်းခြေစောင့်တပ်တွေ အရင်ဆုံး မြင်တွေ့ခဲ့တာ ဖြစ်တယ်လို့ NBC သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အတ္တလန္တိတ် ရေကြောင်းထိန်းသိမ်းရေး အဖွဲ့နဲ့  အာဏာပိုင် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဝေလငါး သေဆုံးရတဲ့အကြောင်း အရင်းကို သိရဖို့ ခွဲစိတ်စစ်ဆေးဖို့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သေဆုံးနေတဲ့ ဝေလငါးဟာ အသက် ၂ နှစ်အရွယ် အထီးတစ်ကောင် ဖြစ်တယ်လို့ နယူးယောက် သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)