လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံကြားက အသစ်ထွက်လာတဲ့ ဆမ်ဆောင်း Galaxy S8

0
336

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ဆမ်ဆောင်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ဟာ တောင်ကိုရီးယား အစိုးရကို လာဘ်ပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် အရှုပ်တော်ပေါ်ပုံတွေ ကြားကနေ နောက်ထပ် ဆမ်ဆောင်း Galaxy S8 ပေါ်ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက ဆမ်ဆောင်း Note 7 ထွက်ပေါ်ခဲ့ပြီး မကြာခင်မှာပဲ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်ဖြန့်ဝေပြီးသား ရောင်းလက်စ Note 7 ဖုန်း အားလုံးကို ပြန်လည် သိမ်းဆည်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေအကြားတွေ ကြားကနေ ဆမ်ဆောင်း Galaxy S8 ထုတ်လုပ်မှုဟာ ကုမ္ပဏီနဲ့ သုံးစွဲသူတွေ ကြားကို စိန်ခေါ်မှုတစ်ခု စတင် လိုက်တာပဲ ဖြစ်ပါတယ်။

သုံးစွဲသူတွေအကြား ဆမ်ဆောင်း အပေါ် ယုံကြည်မှုတွေ ကျဆင်းနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လမှာတော့ ယုံကြည်မှု ညွှန်းကိန်း ပြန်တက်လာနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)