ကယ်ဆယ်ရေး အမြန်ဆုံးလုပ်ဆောင်ခဲ့ကြောင်း ကိုလံဘီယာ သမ္မတ ကာကွယ်ပြောဆို

0
282

သဘာဝဘေးဖြစ်ချိန်မှာ တုံ့ပြန်မှုနှောင့်နှေးခဲ့တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာခဲ့ပြီး နောက်မှာ ကိုလံဘီယာ သမ္မတ ဟွန်မန်နူရယ်လ်ဆန်းတို့စ်က အရေးပေါ်အခြေအနေ ဖြစ်ပွားပြီး နာရီပိုင်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းပြီး လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုပြီး သူ့အစိုးရရဲ့တုံ့ပြန်မှုအပေါ် ကာကွယ်ပြောဆို လိုက်ပါတယ်။

မစ္စတာဆန်းတို့စ်က အခုလိုသဘာဝဘေးရန်တွေ ဖြစ်လာချိန်မှာ အစိုးရကိုအပြစ်တင်တာက ထုံးစံပဲလို့လည်း ပြောဆိုခဲ့ပါတယ်။ ပိုပြီးချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကြောင့် ရာသီဥတုပြောင်းလဲပြီး သဘာဝဘေးရန် ဖြစ်တာဖြစ်ကြောင်း သူက အပြစ်တင်ပြောဆိုခဲ့ပါတယ်။

ကိုလံဘီယာမှာ မြစ်ရေလျှံထွက်ပြီး ရွှံမြေတွေမြို့ထဲကို ပြိုကျခဲ့တာကြောင့် အနည်းဆုံးလူ ၂၆၃ ဦးသေဆုံးခဲ့ပါတယ်။ နောက်ထပ်လူပေါင်း ၃၀၀ ကျော်မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုကိုအာမြစ်နဲ့ မြစ်လက်တက်သုံးခုအတွင်းမှာ ရေလျှံထွက်လာပြီး အနီးဝန်းကျင်တစ်ခုလုံးကို ရေဖုံးလွှမ်းသွားခဲ့တာဖြစ်ပါတယ်။

သဘာဝဘေးရန် ထိခိုက်ခံစားခဲ့ရတဲ့ အနောက်တောင်ပိုင်းမြို့မိုကိုအာကို ထောက်ပံ့ကူညီဖို့အတွက် ဒေါ်လာ ၁၃.၉ သန်းသုံးပြီး စီးပွားရေး၊ လူမှုရေးနဲ့ ဂေဟာစနစ်ဆိုင်ရာ အရေးပေါ်အခြေအနေတို့အတွက် သုံးစွဲသွားမှာဖြစ်ကြောင်း သမ္မတဆန်းတို့စ် က ကြေညာခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဆန်းတို့စ်အစိုးရရဲ့တုံ့ပြန်မှုနှေးကွေးခဲ့ပြီး စီမံခန့်ခွဲမှုလည်း ညံ့ဖျင်းခဲ့ တယ်လို့ ပြစ်တင်ဝေဖန်ခံနေရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)