သတင်းတုနဲ့ အမုန်းစကားတွေ တိုက်ဖျက်ဖို့ eBay တည်ထောင်သူ ဒေါ်လာ သန်း ၁၀၀ လှူမယ်

0
290

eBay ကို တည်ထောင်သူ ဘီလျံနာ အွန်လိုင်းမှာ သတင်းမှားတွေ ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ စုံစမ်းဖော်ထုတ်မှု စာနယ်ဇင်းပညာမှာ သုံးစွဲဖို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမှာ ဖြစ်ပါတယ်။

ဘီလျံနာ ပယ်ရီ အိုမစ်ဒယာ (Pierre Omidyar) ဟာ ၂၀၀၄ မှာ သူနဲ့ သူ့ဇနီး တည်ထောင်ထားတဲ့ အိုမစ်ဒယာ ကွန်ရက်ကနေတဆင့် လာမယ့် သုံးနှစ်အတွင်း ကမ္ဘာတဝန်းက စီမံကိန်းတွေအတွက် ထောက်ပံ့မှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မနှစ်တုန်းက “ပနားမား စာရွက်စာတမ်းများ” လို့ ဂယက်ရိုက်ခဲ့တဲ့ လာဘ်စားမှု အထောက်အထားတွေ၊ ကွန်ရက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့ နိုင်ငံတကာ စုံစမ်းဖော်ထုတ်မှု စာနယ်ဇင်းသမားများအဖွဲ့ (ICIJ) က ဒေါ်လာ ၄ သန်းခွဲ ထောက်ပံ့မှု ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းမှာ သတင်းတုတွေတင်ပြီး ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ ဆီလီကွန် တောင်ကြားမှာ ဌာနတစ်ခု တည်ဆောက်ရေးအတွက် အသရေဖျက်မှု ဆန့်ကျင်ရေး အဖွဲ့ (ADL) ကလည်း ထောက်ပံ့ကြေး ရရှိမှာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၁၂ လအတွင်း အထူးသဖြင့် မယုံကြည်မှုတွေ တိုးမြင့်လာတာ မြင်ရပါတယ်၊ အစိုးရအဖွဲ့အစည်းတွေ အတွင်း၊ မီဒီယာအတွင်း၊ လူမှု မီဒီယာအတွင်း မယုံကြည်မှုတွေ ဖြစ်ပါတယ်” လို့ အိုမစ်ဒယာ ကွန်ရက်နဲ့ တွဲဖက်ဖြစ်တဲ့ စတီဖင် ကင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)