တရုတ်နဲ့ အမေရိကန်တို့ မတွေ့ဆုံခင် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်

0
244

မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုံးကျည်စမ်းသပ် နေတာတွေကို ရန့်တန်စေဖို့ ရည်ရွယ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံခင် တစ်ရက်အလိုမှာ ပစ်ခတ်စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းကပဲ မြောက်ကိုရီးယား အရေး လုပ်ဆောင်ဖို့ တရုတ်ဘက်က မကူညီနိုင်ဘူးဆိုရင် အမေရိကန် တစ်နိုင်ငံတည်း ဆက်လုပ်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒီကနေ့ ဧပြီလ ၅ ရက်နေ့ ဒုံကျည် ပစ်ခတ်စမ်းသပ်မှုဟာ လေးကြိမ်မြောက် ဖြစ်ပါတယ်။ ဒီနေ့ ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ မြောက်ကိုရီးယားပိုင် ကျွန်းဆွယ်ရဲ့ အရှေ့ဘက် ပင်လယ်ထဲကို ကျသွားခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်ပြောရေးဆိုခွင့် ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယား အနေနဲ့ အခုလို ပစ်လွှတ်လိုက်တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စိန်ခေါ်လိုက်တာ ဖြစ်သလို ကိုရီးယားကျွန်းဆွယ် အပါအ၀င် နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတွေကို ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)