နှစ် ၃၀ ထောင်ကျခံနေရတဲ့ ဗြိတိန်နိုင်ငံသား အပြစ်မရှိကြောင်း သက်သေပြဖို့ အခွင့်အရေးရ

0
279

အမေရိကန်နိုင်ငံမှာ သားအဖနှစ်ဦးကို ဟိုတယ်တစ်ခုမှာ သေနတ်နဲ့ အသေပစ်သတ်ခဲ့မှုနဲ့ ထောင်ဒဏ် တစ်သက်ကျွန်း ကျခံနေရတဲ့ ဗြိတိန်နိုင်ငံသား ခရစ္စမာဟာရက် ၇၈ နှစ်ဟာ အဆိုပါအမှုနဲ့ မသက်ဆိုင်ကြောင်း သက်သေအထောက်အထားအသစ် တွေ့ရှိခဲ့တာကြောင့် ထပ်မံကြားနာ စစ်ဆေးဖို့ တရားရုံးက သဘောတူလိုက်ပါတယ်။

မစ္စတာ ခရစ္စမာဟာရက်ဟာ ၁၉၈၆ ခုနှစ်က အမေရိကန်နိုင်ငံ၊ မီယာမီမြို့က ဟိုတယ်ခန်းတစ်ခုမှာ ဒါးရစ်ခ်နဲ့ ဒွန်မှုယန်းဆို တဲ့ သားအဖနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ် ဆိုပြီး အခုလိုဆယ်စုနှစ် ၃ စုကြာ ချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်အင်္ဂါနေ့က တရားခံရှေ့နေနဲ့ အကျဉ်းသား အခွင့်အရေးအဖွဲ့ တည်ထောင်သူလည်းဖြစ်တဲ့ မစ္စတာကလိုက် စတက်ဖ်ဖို့ဒ်က အမေရိကန် တရားသူကြီးအနေနဲ့ ဒီအမှုရဲ့ သက်သေအထောက်အထား အသစ်ဖြစ်တဲ့ ပြစ်မှုကျုးလွန်သူဟာ ကိုလံဘီယာကို ကင်းဂိုဏ်းဝင်တွေဖြစ်ခဲ့တယ် ဆိုတဲ့ အချက်ကို ပြန်လည်စိစစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ခရစ္စမာဟာရက်ဟာ ဗြိတိန်နိုင်ငံသားဖြစ်ပြီး ထရီနီဒက်မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ အမေရိကန်မှာ အခြေချနေထိုင်ခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေ လည်းပိုင်ဆိုင်ခဲ့တဲ့ လူချမ်းသာတစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ သူဆီကနေ ဒေါ်လာ လေးသိန်းခန့်လိမ်ညာယူခဲ့တဲ့ စီးပွားရေးပါတနာဖြစ်တဲ့ ဒွန်မှုယန်းတို့သားအဖကို သတ်ဖြတ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မာဟာရက်ကို ကံဆိုးစေခဲ့တဲ့အချက်က လူသတ်မှုဖြစ်ပွားတဲ့ မီယာမီမြို့က ဒူပွန်ပလာဇာဟိုတယ်ခန်းအတွင်းမှာသူ့ရဲ့လက်ဗွေရာတွေအများကြီး တွေ့ခဲ့ရတဲ့အချက်နဲ့ သက်သေလိုက်ခဲ့တဲ့ နဗွီးလ်ဘတ်တလာဆိုသူရဲ့ထွက်ဆိုချက်ပါပဲ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)