တိဘက်ကနေ ထွက်ပြေးစဉ် ကူညီခဲ့တဲ့ စစ်သားဟောင်းကြီးကို နှစ် ၆၀ အကြာမှာ ဒလိုင်လားမား ပြန်လည် တွေ့ဆုံ

0
227

ဘုန်းတော်ကြီး ဒလိုင်းလားမား အသက် ၂၃ နှစ်အရွယ်မှာ တိဘက်ကနေ အိန္ဒိယကို ထွက်ပြေးစဉ် ကူညီခဲ့တဲ့ အိန္ဒိယ နယ်ခြားစောင့်တပ်က စစ်သားကြီးနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ နှစ် ၆၀ အကြာမှာ ပထမဆုံး ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။

ဧပြီလ ၂ ရက်နေ့မှာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ စစ်သားဟောင်းကြီး နရင် ချန်ဒရာ ဒတ်စ်တို့ အိန္ဒိယ အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ဂူဝါဟတီမှာ ပြန်လည် ဆုံဆည်းကြတာ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ တိဘက်မှာ တရုတ်အစိုးရ ဆန့်ကျင်ရေး မအောင်မမြင် ဖြစ်ပြီးနောက် ဒလိုင်းလားမားနဲ့ သူ့ရဲ့ အစောင့်အရှောက် တစ်ဦးတို့ဟာ အိန္ဒိယကို ထွက်ပြေးခဲ့ပါတယ်။ တရုတ်စစ်တပ် ဖမ်းဆီးမှာကို စိုးတဲ့အတွက် ဒလိုင်းလားမားဟာ တရုတ်စစ်သား အယောင်ဆောင်ပြီး ၁၃ ရက်ကြာ ဟိမဝန္တာကို ဖြတ်ပြီး အိန္ဒိယကို ခရီးနှင်ခဲ့ပါတယ်။

အဲဒီအချိန် အိန္ဒိယဘက်မှာ တိဘက်ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ခိုလှုံနေပါတယ်။ ထိပ်တန်း လျှို့ဝှက် မစ်ရှင်အဖြစ် ဒလိုင်းလားမားကို ဖွင့်ဟ မပြောဘဲ အိန္ဒိယကို စောင့်ရှောက် ခေါ်ယူခဲ့ဖို့ ဒတ်စ်ကို အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဒတ်စ်ကို ပြန်လည် တွေ့ဆုံစဉ် ဒလိုင်းလားမားက ဒတ်စ်ကို ပွေ့ဖက်ရင်း စကားတစ်ခွန်း တိုးတိုးလေး ပြောခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမား ပြောခဲ့တာကတော့ ဒတ်စ်ကို ပြန်တွေ့ရတာ ဝမ်းသာတယ်လို့ ပြောခဲ့တာ ဖြစ်ကြောင်း ဒတ်စ်က ပြန်ပြောပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)