ဆီးရီးယားမှာ ဓာတု အဆိပ်ငွေ့အသုံးပြု တိုက်ခိုက်၊ ၅၈ ဦးသေ

0
283

သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ဓာတု အဆိပ်ငွေ့ အသုံးပြု တိုက်ခိုက်တယ်လို့ သံသယရှိနေပြီး ကလေးငယ် ၁၉ ဦးအပါအဝင် ၅၈ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က လေကြောင်းတိုက်ခိုက်မှုတွေမှာ ဓာတု အဆိပ်ငွေ့ အသုံးပြုတယ်လို့ ပြောဆိုလိုက်ပါတယ်။ လူတချို့ဟာ အသက်ရှုကျပ်တာ အပါအဝင် အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခံရတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ခဲ့ကြပါတယ်။

ဆီးရီးယား သမ္မတ ဘာရှားအားဆတ်ရဲ့ တပ်တွေနဲ့ ရုရှား ပူးပေါင်းတပ်တွေဟာ သူပုန်တွေ အင်အားကောင်းတဲ့ ဒေသတွေကို တိုက်ခိုက်နေတာပါ။ ဆီးရီးယားတပ်တွေဟာ အဆိပ်ငွေ့သုံး တိုက်ခိုက်တာဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)