
0
861




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်တာနက် ဆင်ဆာလုပ်ဖို့ ဖေ့စ်ဘုတ်နဲ့ တွစ်တာကို ဥရောပ သမဂ္ဂ တောင်းဆို

အင်တာနက် အွန်လိုင်း ဆင်ဆာဖြတ်တောက်မှုကို အမြန်ဆုံး လုပ်ဆောင်ဖို့ အဓိက လူမှုကွန်ရက် မီဒီယာကြီးတွေနဲ့ အင်တာနက် ကုမ္ပဏီတွေ ဖြစ်တဲ့ ဖေ့စ်ဘုတ်၊ တွစ်တာနဲ့ ဂူဂယ်တို့ကို ဥရောပ သမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဥရောပ သမဂ္ဂ ကော်မရှင်က မတ်လ ၁ ရက်နေ့မှာ ကုမ္ပဏီတွေကို ခေါ်ယူပြီး ဥပဒေနဲ့ ငြိစွန်းတဲ့ အကြောင်းအရာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဥရောပ သမဂ္ဂက တောင်းဆိုတဲအထဲမှာ အကြမ်းဖက်မှု အကြောင်းအရာတွေကနေ အမုန်းတရားနဲ့ ပဋိပက္ခ လှုံ့ဆော်မှု၊ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အရာတွေနဲ့ မူပိုင်ခွင့်အထိ ပါဝင်ပါတယ်။

အကြမ်းဖက် လှုံ့ဆော်မှုတွေကို အွန်လိုင်းပေါ်တင်တင်ချင်းမှာ အလွန် အန္တရာယ်ပေးနိုင်တာကို စဉ်းစားဖို့နဲ့ ဒီလို အကြောင်းအရာတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေက တစ်နာရီအတွင်း ဖယ်ရှားပစ်သင့်တယ်လို့ ဥရောပ သမဂ္ဂ ကော်မရှင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)