အႀကိမ္ ၉၀ ေျမာက္ ေအာ္စကာ ဆုေပးပြဲ က်င္းပ

0
876

အႀကိမ္ ၉၀ ေျမာက္ ေအာ္စကာ ဆုေပးပြဲကို မေန႔က မတ္လ ၄ ရက္ေန႔ညက အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိ ေဒၚလ္ဘီ ျပဇာတ္႐ံုမွာ က်င္းပပါတယ္။

‘Get Out’, ‘Dunkirk’ နဲ႔ ‘Call Me By Your Name’ ဇာတ္ကားေတြက ဆုအတြက္ ဆန္ကာတင္စာရင္းေတြ ဝင္ခဲ့ပါတယ္။ အေကာင္းဆံုး ႐ုပ္ရွင္ဆုကို Shape Of Water ဇာတ္ကား၊ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို Three Billboards Outside Ebbing ဇာတ္ကားက ဖရန္႔စ္ မက္ခ္ေဒါမန္႔၊ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ေဆာင္ဆုကို Darkest Hour ထဲက ဂေရး အိုးလ္မန္း၊ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ပို႔ဆုကို အယ္လီဆန္ ဂ်င္နီ၊ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ပို႔ဆုကို ဆမ္ ေရာ့ခ္ဝဲလ္၊ အေကာင္းဆံုး ဒါ႐ိုက္ဆုကို The Shape Of Water ဇာတ္ကားနဲ႔ အလက္ဇန္းဒါး ဒက္စ္ပလတ္ တို႔က ရရွိပါတယ္။    

အေကာင္းဆံုး ဇာတ္ဝင္ေတးဆုကို Coco ဇာတ္ကားထဲက Remember Me နဲ႔ အေကာင္းဆံုး အန္နီေမးရွင္း႐ုပ္ရွင္ဆုကိုလည္း Coco ကပဲ ရရွိပါတယ္။ အေကာင္းဆံုး ႏိုင္ငံျခား ဘာသာစကား ႐ုပ္ရွင္ဆုကိုေတာ့ A Fantastic Woman က ရရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြိမ် ၉၀ မြောက် အော်စကာ ဆုပေးပွဲ ကျင်းပ

အကြိမ် ၉၀ မြောက် အော်စကာ ဆုပေးပွဲကို မနေ့က မတ်လ ၄ ရက်နေ့ညက အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ ဒေါ်လ်ဘီ ပြဇာတ်ရုံမှာ ကျင်းပပါတယ်။

‘Get Out’, ‘Dunkirk’ နဲ့ ‘Call Me By Your Name’ ဇာတ်ကားတွေက ဆုအတွက် ဆန်ကာတင်စာရင်းတွေ ဝင်ခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဆုကို Shape Of Water ဇာတ်ကား၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို Three Billboards Outside Ebbing ဇာတ်ကားက ဖရန့်စ် မက်ခ်ဒေါမန့်၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို Darkest Hour ထဲက ဂရေး အိုးလ်မန်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို အယ်လီဆန် ဂျင်နီ၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ဆမ် ရော့ခ်ဝဲလ်၊ အကောင်းဆုံး ဒါရိုက်ဆုကို The Shape Of Water ဇာတ်ကားနဲ့ အလက်ဇန်းဒါး ဒက်စ်ပလတ် တို့က ရရှိပါတယ်။

အကောင်းဆုံး ဇာတ်ဝင်တေးဆုကို Coco ဇာတ်ကားထဲက Remember Me နဲ့ အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆုကိုလည်း Coco ကပဲ ရရှိပါတယ်။ အကောင်းဆုံး နိုင်ငံခြား ဘာသာစကား ရုပ်ရှင်ဆုကိုတော့ A Fantastic Woman က ရရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)