လံုၿခံဳေရးေၾကာင့္ တူရကီရွိ အေမရိကန္သံ႐ံုုးကို ပိတ္ထား

0
842

လံုၿခံဳေရးအရ ၿခိမ္းေျခာက္မႈေတြ ရွိတဲ့အတြက္ တူရကီႏိုင္ငံ၊ အင္ကာရာၿမိဳ႕ရွိ အေမရိကန္ သံ႐ံုးကို ဒီေန႔ မတ္လ ၅ ရက္ေန႔မွာ ပိတ္ထားမွာ ျဖစ္ၿပီး အေရးေပၚ ကိစၥ ရွိမွာသာ ဝန္ေဆာင္မႈေပးမွာ ျဖစ္ပါတယ္။

တူရကီရွိ အေမရိကန္ႏိုင္ငံသားေတြ အေနနဲ႔လည္း လူစည္ကားတဲ့ေနရာ၊ သံ႐ံုးအေဆာက္အအံု ဝန္းက်င္တို႔ကို ေရွာင္က်ဥ္ဖို႔နဲ႔ ခရီးသြားေတြ သြားေလ့ရွိတဲ့ ေနရာေတြမွာ ကိုယ့္လံုၿခံဳေရးကိုယ္ ဂ႐ုစိုက္ၾကဖို႔ သတိေပးထားပါတယ္။

သံ႐ံုးကို ပိတ္ထားရေလာက္ေအာင္ ဘယ္လို လံုၿခံဳေရးအရ ၿခိမ္းေျခာက္မႈ ရွိတယ္ဆိုတာကိုေတာ့ အေသးစိတ္ ထုတ္ျပန္ျခင္း မရွိပါဘူး။ အင္ကာရာ ၿမိဳ႕ေတာ္ဝန္႐ံုးကေတာ့ အေမရိကန္ ေထာက္လွမ္းေရး သတင္းေတြအရ အေမရိကန္ သံ႐ံုးနဲ႔ အေမရိကန္ ႏိုင္ငံသားေတြကို ပစ္မွတ္ထားတဲ့ တိုက္ခိုက္မႈေတြ ရွိႏိုင္ေၾကာင္း သတိေပးမႈေတြရွိတယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေးကြောင့် တူရကီရှိ အမေရိကန်သံရုံးကို ပိတ်ထား

လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် တူရကီနိုင်ငံ၊ အင်ကာရာမြို့ရှိ အမေရိကန် သံရုံးကို ဒီနေ့ မတ်လ ၅ ရက်နေ့မှာ ပိတ်ထားမှာ ဖြစ်ပြီး အရေးပေါ် ကိစ္စ ရှိမှာသာ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

တူရကီရှိ အမေရိကန်နိုင်ငံသားတွေ အနေနဲ့လည်း လူစည်ကားတဲ့နေရာ၊ သံရုံးအဆောက်အအုံ ဝန်းကျင်တို့ကို ရှောင်ကျဉ်ဖို့နဲ့ ခရီးသွားတွေ သွားလေ့ရှိတဲ့ နေရာတွေမှာ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။

သံရုံးကို ပိတ်ထားရလောက်အောင် ဘယ်လို လုံခြုံရေးအရ ခြိမ်းခြောက်မှု ရှိတယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်း မရှိပါဘူး။ အင်ကာရာ မြို့တော်ဝန်ရုံးကတော့ အမေရိကန် ထောက်လှမ်းရေး သတင်းတွေအရ အမေရိကန် သံရုံးနဲ့ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ရှိနိုင်ကြောင်း သတိပေးမှုတွေရှိတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)