ေနာက္ဆက္တြဲ ငလ်င္ေတြေၾကာင့္ ပါပူဝါ နယူးဂီနီမွာ ေသဆံုးသူ ျမင့္တက္ေန

0
880

 

ငလ်င္လႈပ္ၿပီး တစ္ပတ္ၾကာအတြင္း ေနာက္ဆက္တြဲ ငလ်င္ငယ္ေတြေၾကာင့္ ပါပူဝါ နယူးဂီနီမွာ ေသဆံုးသူ အေရအတြက္ဟာ ၆၇ ဦးအထိ ရွိလာၿပီ ျဖစ္ပါတယ္။

ျပင္းအား ၇ ဒသမ ၅ ရွိ ငလ်င္ႀကီးအၿပီး ေနာက္ဆက္တြဲ ငလ်င္ ဒါဇင္နဲ႔ခ်ီၿပီး လႈပ္ေနဆဲ ျဖစ္တဲ့အတြက္ ပ်က္စီးမႈေတြ ပိုမ်ားေနပါတယ္။ ေနာက္ဆက္တြဲ ငလ်င္ေတြထဲမွာ ျပင္းအား ၅ ေက်ာ္တဲ့ ငလ်င္ ၃ ခုလည္း ကုန္းျပင္ျမင့္ေတြရွိတဲ့ ေတာင္ဘက္ပိုင္းမွာ လႈပ္ခဲ့ပါတယ္။ ။

ေဝးလံတဲ့ ေဒသေတြရွိ ေက်းရြာေတြရဲ႕ အေျခအေနကို မသိရတဲ့အတြက္ ပ်က္စီးဆံုး႐ံႈးမႈနဲ႔ အေသအေပ်ာက္ကို အတိအက် မေျပာႏိုင္ဘူးလို႔ ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြက ေျပာပါတယ္။ ေဝးလံတဲ့ ေနရာေတြမွာ ေျမၿပိဳမႈေၾကာင့္ လမ္းေတြပိတ္ကုန္ၿပီး ေထာင္နဲ႔ ခ်ီတဲ့ လူေတြဟာ ပိတ္မိေနၾကပါတယ္။ ဆက္သြယ္ေရး လမ္းေၾကာင္းေတြ ျပတ္ေတာက္တဲ့အတြက္ အေရးေပၚ အကူအညီေတြလည္း မပို႔ႏိုင္ ျဖစ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

နောက်ဆက်တွဲ ငလျင်တွေကြောင့် ပါပူဝါ နယူးဂီနီမှာ သေဆုံးသူ မြင့်တက်နေ

ငလျင်လှုပ်ပြီး တစ်ပတ်ကြာအတွင်း နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပါပူဝါ နယူးဂီနီမှာ သေဆုံးသူ အရေအတွက်ဟာ ၆၇ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

ပြင်းအား ၇ ဒသမ ၅ ရှိ ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင် ဒါဇင်နဲ့ချီပြီး လှုပ်နေဆဲ ဖြစ်တဲ့အတွက် ပျက်စီးမှုတွေ ပိုများနေပါတယ်။ နောက်ဆက်တွဲ ငလျင်တွေထဲမှာ ပြင်းအား ၅ ကျော်တဲ့ ငလျင် ၃ ခုလည်း ကုန်းပြင်မြင့်တွေရှိတဲ့ တောင်ဘက်ပိုင်းမှာ လှုပ်ခဲ့ပါတယ်။ ။

ဝေးလံတဲ့ ဒေသတွေရှိ ကျေးရွာတွေရဲ့ အခြေအနေကို မသိရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်ကို အတိအကျ မပြောနိုင်ဘူးလို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဝေးလံတဲ့ နေရာတွေမှာ မြေပြိုမှုကြောင့် လမ်းတွေပိတ်ကုန်ပြီး ထောင်နဲ့ ချီတဲ့ လူတွေဟာ ပိတ်မိနေကြပါတယ်။ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်တဲ့အတွက် အရေးပေါ် အကူအညီတွေလည်း မပို့နိုင် ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)