ဆီးရီးယား အရပ္သားေတြကို သတ္ေနတယ္လို႔ ႐ုရွားကို အေမရိကန္ စြပ္စြဲ

0
840

ကုလသမဂၢက အပစ္ရပ္ထားဖို႔ ေျပာတာကို ဖီဆန္ၿပီး ဆီးရီယားႏိုင္ငံ၊ ဂိုအူတာေဒသကို ႐ုရွား ေလယာဥ္ေတြ ဗံုးႀကဲမႈေၾကာင့္ အရပ္သားေတြ ေသေၾကရတယ္လို႔ မေန႔က မတ္လ ၄ ရက္ေန႔မွာ အေမရိကန္က ႐ုရွားကို ျပင္းျပင္းထန္ထန္ စြပ္စြဲလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကေန ၂၈ ရက္အတြင္း ဒမတ္စကတ္နဲ႔ ဂိုအူတာ အေရွ႕ပိုင္းကို အႀကိမ္ ၂၀ ေလာက္ ေန႔စဥ္ ေလေၾကာင္းက တိုက္ခိုက္ခဲ့တယ္လို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္။

အၾကမ္းဖက္မႈ တံု႔ျပန္ေရး လႈပ္ရွားမႈမွာ ကုလသမဂၢရဲ႕ အပစ္ရပ္ထားေရး ေတာင္းဆိုမႈကို လ်စ္လ်ဴ႐ႈၿပီး တိုက္ခိုက္တဲ့အတြက္ အပစ္မဲ့ အရပ္သားေတြ ေသရတယ္လို႔ အေမရိကန္က စြပ္စြဲပါတယ္။ ဆီးရီးယား သမၼတ ဘာရွား အာဆတ္က သူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ ဂိုအူတာ အေရွ႕ပိုင္းမွာ တိုက္ခိုက္မႈေတြ ဆက္လုပ္မယ္လို႔ မေန႔က မတ္လ ၄ ရက္ေန႔မွာ ေၾကညာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယား အရပ်သားတွေကို သတ်နေတယ်လို့ ရုရှားကို အမေရိကန် စွပ်စွဲ

ကုလသမဂ္ဂက အပစ်ရပ်ထားဖို့ ပြောတာကို ဖီဆန်ပြီး ဆီးရီယားနိုင်ငံ၊ ဂိုအူတာဒေသကို ရုရှား လေယာဉ်တွေ ဗုံးကြဲမှုကြောင့် အရပ်သားတွေ သေကြေရတယ်လို့ မနေ့က မတ်လ ၄ ရက်နေ့မှာ အမေရိကန်က ရုရှားကို ပြင်းပြင်းထန်ထန် စွပ်စွဲလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၈ ရက်အတွင်း ဒမတ်စကတ်နဲ့ ဂိုအူတာ အရှေ့ပိုင်းကို အကြိမ် ၂၀ လောက် နေ့စဉ် လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အကြမ်းဖက်မှု တုံ့ပြန်ရေး လှုပ်ရှားမှုမှာ ကုလသမဂ္ဂရဲ့ အပစ်ရပ်ထားရေး တောင်းဆိုမှုကို လျစ်လျူရှုပြီး တိုက်ခိုက်တဲ့အတွက် အပစ်မဲ့ အရပ်သားတွေ သေရတယ်လို့ အမေရိကန်က စွပ်စွဲပါတယ်။ ဆီးရီးယား သမ္မတ ဘာရှား အာဆတ်က သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဂိုအူတာ အရှေ့ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ မနေ့က မတ်လ ၄ ရက်နေ့မှာ ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)