အေမရိကန္ ေလယာဥ္တင္ သေဘၤာ ဗီယက္နမ္ကို သမိုင္းဝင္ လည္ပတ္

0
303

အေမရိကန္ ေလယာဥ္တင္ သေဘၤာ ကားလ္ ဗင္ဆန္ဟာ ဗီယက္စစ္ပြဲေနာက္ပိုင္းမွာ ပထမဆံုးအႀကိမ္ သမိုင္းဝင္ခရီးစဥ္အျဖစ္ ဗီယက္နမ္ႏိုင္ငံကို သြားေရာက္ လည္ပတ္ပါတယ္။

ႏ်ဴကလီးယား စြမ္းအင္သံုး ေလယာဥ္တင္ သေဘၤာႀကီးဟာ ဗီယက္နမ္ စစ္ပြဲတုန္းက အေမရိကန္ စစ္သားေတြ ပထမဆံုး ေျခခ်တဲ့ ဒါနန္ ဆိပ္ကမ္းမွာပဲ ေက်ာက္ခ် ရပ္နားမွာ ျဖစ္ပါတယ္။ အခုလို လာေရာက္ လည္ပတ္မႈဟာ ႏွစ္ႏိုင္ငံၾကား စစ္ေရးတိုးျမွင့္မႈကို ျပသဖို႔အတြက္ ျဖစ္ပါတယ္။

ဒါေပမယ့္ ေလ့လာသံုးသပ္သူေတြကေတာ့ ဒီလို ေလယာဥ္တင္ သေဘၤာႀကီး လာေရာက္တာဟာ အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ ကိစၥနဲ႔ ပတ္သက္လို႔ အေမရိကန္က တ႐ုတ္ကို သတင္းစကား ေပးတာျဖစ္တယ္လို႔ ေျပာၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် လေယာဉ်တင် သင်္ဘော ဗီယက်နမ်ကို သမိုင်းဝင် လည်ပတ်

အမေရိကန် လေယာဉ်တင် သင်္ဘော ကားလ် ဗင်ဆန်ဟာ ဗီယက်စစ်ပွဲနောက်ပိုင်းမှာ ပထမဆုံးအကြိမ် သမိုင်းဝင်ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံကို သွားရောက် လည်ပတ်ပါတယ်။

နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးဟာ ဗီယက်နမ် စစ်ပွဲတုန်းက အမေရိကန် စစ်သားတွေ ပထမဆုံး ခြေချတဲ့ ဒါနန် ဆိပ်ကမ်းမှာပဲ ကျောက်ချ ရပ်နားမှာ ဖြစ်ပါတယ်။ အခုလို လာရောက် လည်ပတ်မှုဟာ နှစ်နိုင်ငံကြား စစ်ရေးတိုးမြှင့်မှုကို ပြသဖို့အတွက် ဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာသုံးသပ်သူတွေကတော့ ဒီလို လေယာဉ်တင် သင်္ဘောကြီး လာရောက်တာဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်က တရုတ်ကို သတင်းစကား ပေးတာဖြစ်တယ်လို့ ပြောကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)