တ႐ုတ္ စစ္ေရး ဘတ္ဂ်က္အျဖစ္ ေဒၚလာ ၁၇၅ ဘီလီယံ ခ်ေပး

0
332

စစ္ေရးဘတ္ဂ်က္အျဖစ္ ယြမ္ေငြ ၁ ဒသမ ၁၁ ထရီလီယံ (အေမရိကန္ ေဒၚလာ ၁၇၅ ဘီလီယံ) ခ်ေပးလိုက္တယ္လို႔ တ႐ုတ္က ေၾကညာပါတယ္။

ေဘဂ်င္းၿမိဳ႕မွာ က်င္းပတဲ့ ပါလီမန္ အစည္းအေဝးမွာ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီ ခဲခ်န္က အခုလို ေၾကညာလိုက္တာ ျဖစ္ၿပီး မႏွစ္က စစ္သံုး ဘတ္ဂ်တ္ထက္ ၈ ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးကိုလည္း ၆ ဒသမ ၅ ရာခိုင္ႏႈန္း ပိုတိုးတက္လာေစဖို႔ ရည္မွန္းထားေၾကာင္းလည္း မစၥတာ လီက ေျပာပါတယ္။

အမ်ိဳးသားျပည္သူ႔ကြန္ဂရက္က သမၼတ သက္တမ္း ၂ ႀကိမ္ ကန္႔သတ္ခ်က္ကိုလည္း ပယ္ဖ်က္ဖို႔ ရွိေနၿပီး သမၼတ ရွီ က်င့္ဖ်င္ရဲ႕ ၾသဇာဟာ ဥကၠ႒ႀကီး ေမာ္စီတုန္း ေနာက္ပိုင္းမွာ အားအေကာင္းဆံုး ျဖစ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် စစ်ရေး ဘတ်ဂျက်အဖြစ် ဒေါ်လာ ၁၇၅ ဘီလီယံ ချပေး

စစ်ရေးဘတ်ဂျက်အဖြစ် ယွမ်ငွေ ၁ ဒသမ ၁၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၇၅ ဘီလီယံ) ချပေးလိုက်တယ်လို့ တရုတ်က ကြေညာပါတယ်။

ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ပါလီမန် အစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီ ခဲချန်က အခုလို ကြေညာလိုက်တာ ဖြစ်ပြီး မနှစ်က စစ်သုံး ဘတ်ဂျတ်ထက် ၈ ရာခိုင်နှုန်း ပိုများပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုလည်း ၆ ဒသမ ၅ ရာခိုင်နှုန်း ပိုတိုးတက်လာစေဖို့ ရည်မှန်းထားကြောင်းလည်း မစ္စတာ လီက ပြောပါတယ်။

အမျိုးသားပြည်သူ့ကွန်ဂရက်က သမ္မတ သက်တမ်း ၂ ကြိမ် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ဖို့ ရှိနေပြီး သမ္မတ ရှီ ကျင့်ဖျင်ရဲ့ သြဇာဟာ ဥက္ကဋ္ဌကြီး မော်စီတုန်း နောက်ပိုင်းမှာ အားအကောင်းဆုံး ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)