ဘန်ကောက်မှာ ခရီးသည်တင် စက်လှေတစ်စင်းပေါက်ကွဲ လူ ၆၀ လောက် ထိခိုက်ဒဏ်ရာရ

0
323

[fbvideo link=”https://www.facebook.com/mcntv/videos/823055574487654/” width=”800″ height=”700″ onlyvideo=”1″]

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြစ်ချောင်းတွေထဲမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် စက်လှေတစ်စင်း ပေါက်ကွဲ မှုကြောင့် လူ ၆၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ Sean Saep တူးမြောင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကြောင့် အလုပ်သမား ၅၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြလာတာပါ။

လက်ရှိအခြေအနေမှာတော့ ခရီးသည်တင် စက်လှေ ပေါက်ကွဲရတဲ့အကြောင်းအရင်းကို မသိရ သေးပေမယ့် ကနဦး စုံစမ်းစစ်ဆေးမှုအရ ဓါတ်ငွေ့လောင်စာကို ရောနှောပြီး အသုံးပြုထားတဲ့ အတွက်ဖြစ်တယ်လို့ ထိုင်းရဲတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။

အဲ့ဒီ ဘန်ကောက်မြို့က Sean Saep တူးမြောင်း အတိုင်း ဘန်ကောက်မြို့အနီးပတ်ဝန်းကျင် ဆင်ခြေဖုံးရပ်ကွက်တွေကနေ ဘန်ကောက်မြို့ထဲကို အလုပ်လာလုပ်တဲ့ ခရီးသည် ဦးရေဟာ တစ်နေ့ကို ၁ သောင်း ၀န်းကျင်လောက်ရှိတယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)