ပါလက္စတိုင္းရွိ စာသင္ေက်ာင္း ၄၅ ေက်ာင္း ဖ်က္ဆီးခံမယ့္ အေျခအေန ႀကံဳ

0
1811

ပါလက္စတိုင္းရွိ စာသင္ေက်ာင္း ၄၅ ေက်ာင္းကို အစၥေရး အာဏာပိုင္ေတြက ဖ်က္ဆီးျဖစ္မယ္လို႔ ၿခိမ္းေျခာက္တာ ခံေနရေၾကာင္း ကုလသမဂၢဆိုင္ရာ လူသားခ်င္း ကူညီေစာင့္ေရွာက္မႈေရးရာ ညွိႏိႈင္းေဆာင္ရြက္ေရး အဖြဲ႔ (OCHA) က ေျပာပါတယ္။

သိမ္းပိုက္ခံထားရတဲ့ ပါလက္စတိုင္း ေဒသမ်ားဆိုင္ရာ ယာယီ တာဝန္ခံ ေရာ္ဘာတို ဗဲလင့္က အေရွ႕ေဂ်႐ုစလမ္က ပါလက္စတိုင္း စာသင္ေက်ာင္းတစ္ေက်ာင္းကို အစၥေရး စစ္သားေတြက ဖ်က္ဆီးလိုက္တယ္လုိ႔ ေထာက္ျပပါတယ္။ အစၥေရးရဲ႕ ေထာက္ခံခ်က္ ပါမစ္မရွိတဲ့ ေက်ာင္းေတြဟာ ဖ်က္ဆီးပစ္ခံရမယ့္ အေျခအေနရွိေၾကာင္း သူက ေျပာပါတယ္။

ေဂ်႐ုဆလမ္ ၿမိဳ႕စြန္၊ ေဘဒိုအင္ရွိ ပါလက္စတိုင္း ကေလးငယ္ ၂၆ ဦး စာသင္ေနတဲ့ စာသင္ခန္း ႏွစ္ခန္းကိုလည္း အစၥေရး စစ္သားေတြက ဖ်က္ဆီးခဲ့တယ္လို႔ OCHA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါလက်စတိုင်းရှိ စာသင်ကျောင်း ၄၅ ကျောင်း ဖျက်ဆီးခံမယ့် အခြေအနေ ကြုံ

ပါလက်စတိုင်းရှိ စာသင်ကျောင်း ၄၅ ကျောင်းကို အစ္စရေး အာဏာပိုင်တွေက ဖျက်ဆီးဖြစ်မယ်လို့ ခြိမ်းခြောက်တာ ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ လူသားချင်း ကူညီစောင့်ရှောက်မှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (OCHA) က ပြောပါတယ်။

သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်း ဒေသများဆိုင်ရာ ယာယီ တာဝန်ခံ ရော်ဘာတို ဗဲလင့်က အရှေ့ဂျေရုစလမ်က ပါလက်စတိုင်း စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေး စစ်သားတွေက ဖျက်ဆီးလိုက်တယ်လို့ ထောက်ပြပါတယ်။ အစ္စရေးရဲ့ ထောက်ခံချက် ပါမစ်မရှိတဲ့ ကျောင်းတွေဟာ ဖျက်ဆီးပစ်ခံရမယ့် အခြေအနေရှိကြောင်း သူက ပြောပါတယ်။

ဂျေရုဆလမ် မြို့စွန်၊ ဘေဒိုအင်ရှိ ပါလက်စတိုင်း ကလေးငယ် ၂၆ ဦး စာသင်နေတဲ့ စာသင်ခန်း နှစ်ခန်းကိုလည်း အစ္စရေး စစ်သားတွေက ဖျက်ဆီးခဲ့တယ်လို့ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)