UAE ကို ေစာ္ကားတယ္ဆိုၿပီး ကူဝိတ္ ဘေလာ္ဂါကို ေထာင္ ၅ ႏွစ္ခ်

0
1720

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ (UAE) ကို ေစာ္ကားတယ္ဆိုၿပီး ဘေလာ္ဂါ၊ တက္ၾကြလႈပ္ရွားသူ အဗၺဒူလာ အယ္လ္ ဆာလက္ကို ကူဝိတ္တရား႐ံုးက မေန႔က ေဖေဖာ္ဝါရီ ၄ ရက္ေန႔မွာ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္လိုက္ပါတယ္။

အယ္လ္ဆာလက္ဟာ ကူဝိတ္မွာ မေနခ်င္တဲ့အတြက္ ၿဗိတိန္မွာ ခိုလံႈခြင့္ေတာင္းခဲ့တယ္လို႔ စြပ္စဲခံထားရေၾကာင္းလည္း သတင္းေတြက ေဖာ္ျပပါတယ္။ အယ္လ္ဆာလက္ဟာ ေဆာ္ဒီအာေရဗ်က ကာတာႏိုင္ငံကို သပိတ္ေမွာက္မႈအေပၚ ေဝဖန္တဲ့ ဗီဒီယို တြစ္တာေပၚ တင္ခဲ့လို႔ ၿပီးခဲ့တဲ့လကလည္း ေဆာ္ဒီအာေရဗ်ကို အၾကည္ညိဳ ပ်က္ေစမႈနဲ႔ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခံထားရပါေသးတယ္။ ဒီလို ဗီဒီယို ႐ိုက္တင္တဲ့အတြက္ ေနာင္တရမွာ မဟုတ္ဘူး၊ ဒါဟာ သူ႔အခြင့္အေရး ျဖစ္တယ္လို႔ ဗီဒီယိုဖိုင္မွာ ေျပာထားပါတယ္။

၂၀၁၇ ခုႏွစ္ ဇြန္လကစၿပီး ေဆာ္ဒီအာေရဗ်၊ ဘာရိန္း၊ UAE နဲ႔ အီဂ်စ္တို႔ဟာ ကာတာႏိုင္ငံက အၾကမ္းဖက္အစြန္းေရာက္ေတြကို ဘ႑ာေရး ေထာက္ပံ့တယ္ဆိုၿပီး ဖိအားေပးမႈေတြ လုပ္ေနၿပီး ကာတာကလည္း စြပ္စြဲခ်က္ေတြကို ျငင္းဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

UAE ကို စော်ကားတယ်ဆိုပြီး ကူဝိတ် ဘလော်ဂါကို ထောင် ၅ နှစ်ချ

အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို စော်ကားတယ်ဆိုပြီး ဘလော်ဂါ၊ တက်ကြွလှုပ်ရှားသူ အဗ္ဗဒူလာ အယ်လ် ဆာလက်ကို ကူဝိတ်တရားရုံးက မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

အယ်လ်ဆာလက်ဟာ ကူဝိတ်မှာ မနေချင်တဲ့အတွက် ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခဲ့တယ်လို့ စွပ်စဲခံထားရကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။ အယ်လ်ဆာလက်ဟာ ဆော်ဒီအာရေဗျက ကာတာနိုင်ငံကို သပိတ်မှောက်မှုအပေါ် ဝေဖန်တဲ့ ဗီဒီယို တွစ်တာပေါ် တင်ခဲ့လို့ ပြီးခဲ့တဲ့လကလည်း ဆော်ဒီအာရေဗျကို အကြည်ညို ပျက်စေမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပါသေးတယ်။ ဒီလို ဗီဒီယို ရိုက်တင်တဲ့အတွက် နောင်တရမှာ မဟုတ်ဘူး၊ ဒါဟာ သူ့အခွင့်အရေး ဖြစ်တယ်လို့ ဗီဒီယိုဖိုင်မှာ ပြောထားပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လကစပြီး ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ UAE နဲ့ အီဂျစ်တို့ဟာ ကာတာနိုင်ငံက အကြမ်းဖက်အစွန်းရောက်တွေကို ဘဏ္ဍာရေး ထောက်ပံ့တယ်ဆိုပြီး ဖိအားပေးမှုတွေ လုပ်နေပြီး ကာတာကလည်း စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)