အေမရိကန္ သံအမတ္ နစ္ကီဟာေလကို ပါးစပ္ပိတ္ထားဖို႔ ပါလက္စတိုင္း ေျပာ

0
1801

ပါလက္စတိုင္း ေခါင္းေဆာင္ပိုင္းမွာ အာဏာသိမ္းမႈျဖစ္ဖို႔ သမၼတ ထရမ့္ အစိုးရက ႀကိဳးစားေနၿပီး ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ နစ္ကီဟာေလ အေနနဲ႔ ပါလက္စတိုင္း သမၼတ မာမြတ္ အဘတ္စ္ကို ေဝဖန္မေနဘဲ ပါးစပ္ ပိတ္ထားဖို႔ ပါလက္စတိုင္း အရာရွိတစ္ဦးက ေျပာလိုက္ပါတယ္။

ပါလက္စတိုင္း လြတ္ေျမာက္ေရးအဖြဲ႔ အေထြေထြ အတြင္းေရးမႉး၊ ၿငိမ္းခ်မ္းေရး ညွိႏိႈင္းေရးမႉး ဆာအက္ အယ္ရီကတ္က အင္တာဗ်ဴးတစ္ခုမွာ အခုလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက မိန္႔ခြန္းတစ္ခုမွာ သမၼတ အာဘတ္စ္က အစၥေရးနဲ႔ ဂ်ဴးသမိုင္းဆိုင္ရာ ဆက္စပ္မႈကို ျငင္းဆိုခဲ့ၿပီး ေဂ်႐ုဆလမ္ကို အစၥေရးၿမိဳ႕ေတာ္အျဖစ္ အသိအမွတ္ျပဳတဲ့ သမၼတ ထရမ့္ အစိုးရကို ေဝဖန္ေျပာဆိုၿပီးေနာက္ သံအမတ္ နစ္ကီဟာေလက ကုလသမဂၢမွာ မိန္႔ခြန္းတစ္ခုအတြင္ ျပန္လွန္ ေဝဖန္ခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးကို လိုလားတယ္၊ အားေပးတယ္ဆိုတဲ့ လူတစ္ေယာက္ရဲ႕ မိန္႔ခြန္းမ်ိဳး မဟုတ္ဘဲ ရန္စတာကို အားသန္တာ၊ မယံုၾကည္ရတာကို ပူးေပါင္းလုပ္ေဆာင္တဲ့ မိန္႔ခြန္းမ်ိဳးဆိုၿပီး နစ္ကီဟာေလက သမၼတ အာဘတ္စ္ကို ေျပာဆိုေဝဖန္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် သံအမတ် နစ်ကီဟာလေကို ပါးစပ်ပိတ်ထားဖို့ ပါလက်စတိုင်း ပြော

ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းမှာ အာဏာသိမ်းမှုဖြစ်ဖို့ သမ္မတ ထရမ့် အစိုးရက ကြိုးစားနေပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟာလေ အနေနဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်ကို ဝေဖန်မနေဘဲ ပါးစပ် ပိတ်ထားဖို့ ပါလက်စတိုင်း အရာရှိတစ်ဦးက ပြောလိုက်ပါတယ်။

ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး၊ ငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူး ဆာအက် အယ်ရီကတ်က အင်တာဗျူးတစ်ခုမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက မိန့်ခွန်းတစ်ခုမှာ သမ္မတ အာဘတ်စ်က အစ္စရေးနဲ့ ဂျူးသမိုင်းဆိုင်ရာ ဆက်စပ်မှုကို ငြင်းဆိုခဲ့ပြီး ဂျေရုဆလမ်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုတဲ့ သမ္မတ ထရမ့် အစိုးရကို ဝေဖန်ပြောဆိုပြီးနောက် သံအမတ် နစ်ကီဟာလေက ကုလသမဂ္ဂမှာ မိန့်ခွန်းတစ်ခုအတွင် ပြန်လှန် ဝေဖန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကို လိုလားတယ်၊ အားပေးတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ မိန့်ခွန်းမျိုး မဟုတ်ဘဲ ရန်စတာကို အားသန်တာ၊ မယုံကြည်ရတာကို ပူးပေါင်းလုပ်ဆောင်တဲ့ မိန့်ခွန်းမျိုးဆိုပြီး နစ်ကီဟာလေက သမ္မတ အာဘတ်စ်ကို ပြောဆိုဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)