လူ ၁၃၀ ေသဆံုးခဲ့တဲ့ ပါရီ အၾကမ္းဖက္မႈ သံသယရွိသူကို လံုၿခံဳေရး တင္းက်ပ္စြာနဲ႔ ႐ံုးထုတ္

0
1726

ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ ၂၀၁၅ ခုႏွစ္တုန္းက လူ ၁၃၀ ေသဆံုးခဲ့တဲ့ အၾကမ္းဖက္ တိုက္ခိုက္မႈမွာ သံသယရွိသူ ဆလာ အက္ဘ္ဒက္ဆလမ္ကို ဘယ္လ္ဂ်ီယံႏိုင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕မွာ လံုၿခံဳေရး တင္းက်ပ္စြာနဲ႔ ဒီေန႔ ေဖေဖာ္ဝါရီ ၅ ရက္မွာ ႐ံုးထုတ္ပါတယ္။

ေမာ္႐ိုကိုဖြား ျပင္သစ္ႏိုင္ငံသား အက္ဘ္ဒက္ဆလမ္ဟာ အၾကမ္းဖက္မႈ၊ လက္နက္ပိုင္ဆိုင္မႈ၊ ၂၀၁၆ ခုႏွစ္ မတ္လက သူ႔ကို မဖမ္းဆီးခင္ သံုးရက္အလိုမွာ ရဲကို ေသနတ္နဲ႔ ပစ္ခတ္လို႔ လူသတ္ရန္ ႀကိဳးပမ္းမႈေတြနဲ႔ တရားစြဲထားပါတယ္။ ျပင္သစ္မွာ လူ ၁၃၀ ေသၿပီး ရာနဲ႔ခ်ီ ဒဏ္ရာရတဲ့ တိုက္ခိုက္မႈအတြက္ ျပင္သစ္မွာလည္း တရားရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

အက္ဘ္ဒက္ဆလမ္ (၂၈ ႏွစ္) ကို ျပင္သစ္ေျမာက္ပိုင္း ဘယ္လ္ဂ်ီယံနဲ႔ နပ္စပ္အနီးမွာ ေထာင္ခ်ထားၿပီး ျပင္သစ္နဲ႔ ဘယ္လ္ဂ်ီယံ ႏွစ္ႏိုင္ငံလံုးမွာ ရဟတ္ယာဥ္နဲ႔ ႐ံုးထုတ္စစ္ေဆးႏိုင္ဖို႔ ျဖစ္ပါတယ္။ တရား႐ံုး အေဆာက္အအံုမွာ လံုၿခံဳေရး အရာရွိ ၂၀၀ ခ်ထားၿပီး ဘရပ္ဆဲလ္မွာလည္း လံုၿခံဳေရး တင္းက်ပ္ထားပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူ ၁၃၀ သေဆုံးခဲ့တဲ့ ပါရီ အကြမ်းဖက်မှု သံသယရှိသူကို လုံခြုံရေး တင်းကျပ်စွာနဲ့ ရုံးထုတ်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ၂၀၁၅ ခုနှစ်တုန်းက လူ ၁၃၀ သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ သံသယရှိသူ ဆလာ အက်ဘ်ဒက်ဆလမ်ကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ လုံခြုံရေး တင်းကျပ်စွာနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ရုံးထုတ်ပါတယ်။

မော်ရိုကိုဖွား ပြင်သစ်နိုင်ငံသား အက်ဘ်ဒက်ဆလမ်ဟာ အကြမ်းဖက်မှု၊ လက်နက်ပိုင်ဆိုင်မှု၊ ၂၀၁၆ ခုနှစ် မတ်လက သူ့ကို မဖမ်းဆီးခင် သုံးရက်အလိုမှာ ရဲကို သေနတ်နဲ့ ပစ်ခတ်လို့ လူသတ်ရန် ကြိုးပမ်းမှုတွေနဲ့ တရားစွဲထားပါတယ်။ ပြင်သစ်မှာ လူ ၁၃၀ သေပြီး ရာနဲ့ချီ ဒဏ်ရာရတဲ့ တိုက်ခိုက်မှုအတွက် ပြင်သစ်မှာလည်း တရားရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

အက်ဘ်ဒက်ဆလမ် (၂၈ နှစ်) ကို ပြင်သစ်မြောက်ပိုင်း ဘယ်လ်ဂျီယံနဲ့ နပ်စပ်အနီးမှာ ထောင်ချထားပြီး ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ နှစ်နိုင်ငံလုံးမှာ ရဟတ်ယာဉ်နဲ့ ရုံးထုတ်စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။ တရားရုံး အဆောက်အအုံမှာ လုံခြုံရေး အရာရှိ ၂၀ဝ ချထားပြီး ဘရပ်ဆဲလ်မှာလည်း လုံခြုံရေး တင်းကျပ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)