
0
1818




>>>>>>>>>>>>>>>>>>>>>>>>>>>>

ရာသီဥတု ပြောင်းလဲမှုကို သတိပေးရေးသားကြဖို့ မီဒီယာတွေကို တိုက်တွန်း

အာရှနဲ့ ပစိဖိတ်ဒေသမှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်တွေကို သတိပေး ရေးသားပေးကြဖို့ မီဒီယာတွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိနဲ့ အနာဂတ် မျိုးဆက်တွေအတွက် စိုက်ပျိုးရေးနဲ့ စာနပ်ရိက္ခာအရေး အာရှ-ပစိဖိတ်ဒသမှာ အဆင်သင့်ဖြစ်အောင်၊ ဆိုးကျိုးဖြစ်မှု လျော့ကျအောင် သတိပေးမှု တိုးမြှင့်ရေးအတွက် ဒေသတွင်းက မီဒီယာတွေ အာရုံထား ရေးသားပေးကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု ဆိုးကျိုးကို အရှေ့ဆုံးက ခံစားရမယ့် နိုင်ငံဖြစ်တဲ့ ဖီဂျီမှာ အခု သီတင်းပတ်အတွင်း ကျင်းပတဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေး အာရှ-ပစိဖိတ် ရုပ်သံ သမဂ္ဂအစည်းအဝေးမှာ အခုလို တိုက်တွန်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးကို ၂၂ နိုင်ငံက ကိုယ်စားလှယ် ၁၆၀ တက်ရောက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)