
0
2036




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ်က အလိုအရှိဆုံး အကြမ်းဖက်သမား စာရင်းမှာ ဆတ်ဒမ်ဟူစိန် သမီးလည်းပါ

အီရတ် အာဏာပိုင်တွေက အလိုအရှိဆုံး အကြမ်းသမား ၆၀ စာရင်းကို မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး IS အကြမ်းဖက်သမားတွေ အပြင် အာဏာရှင်ဟောင်း ဆတ်ဒမ်ဟူစိန်ရဲ့ သမီးလည်း ပါဝင်ပါတယ်။

အီရတ် အာဏာရှင်ဟောင်း ဆတ်ဒမ်ဟူစိန်ရဲ့သမီး ရာဂတ်ဟူစိန်ရဲ့ အမည်နဲ့အတူ IS အဖွဲ့ဝင်လို့ သံသယရှိသူ ၂၈ ဦး၊ အယ်ကေးဒါးက ၁၂ ဦး၊ ယခင် အာဏာရှင် ပါတီ ဘာ့သ်ပါတီဝင် ၂၀ ဦးရဲ့ အချက်အလက် အသေးစိတ်တွေ၊ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ဓာတ်ပုံတွေ ပါဝင်ပါတယ်။

အာဏာရှင်ဟောင်း ဆတ်ဒမ်ဟူစိန်ဟာ ၂၀ဝ၆ ခုနှစ် ဒီဇင်ဘာမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ရာဂတ်ဟူစိန်ဟာ သမီးတွေထဲမှာ အကြီးဆုံးဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့နေသူလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)