ပဋိပကၡေတြ ရွိေပမယ့္ ဆီးရီးယား ဒုကၡသည္ေတြကို အတင္းေနရပ္ျပန္ခိုင္းေန

0
1737

ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနေပမယ့္ ေသာင္းနဲ႔ခ်ီတဲ့ ဆီးရီးယား ဒုကၡသည္ေတြကို ေနရပ္ျပန္ခိုင္းေနတယ္လို႔ အကူအညီေပးေရး အဖြဲ႔ေတြက သတိေပး ေျပာဆိုလိုက္ပါတယ္။

ဆီးရီးယား အစိုးရက တခ်ိဳ႕ေဒသေတြမွာ တိုက္ခိုက္ အႏိုင္ရၿပီျဖစ္လို႔ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ၿပီလို႔ ေျပာဆိုေနတာက ၾကားေကာင္းေအာင္ လွီးလႊဲေျပာဆိုေနတာ ျဖစ္တယ္လို႔ အရပ္ဖက္အဖြဲ႔အစည္းေတြက ေျပာပါတယ္။ ဆီးရီးယား ဒုကၡသည္ေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ၅ သန္းနဲ႔ ဥေရာပမွာ ၁ သန္း ေရာက္ရွိေနၾကပါတယ္။

အၾကမ္းဖက္အဖြဲ႔ေတြကို ဆီးရီးယား ေဒသတစ္ခုမွာ ႏွိမ္နင္းလိုက္ႏိုင္ေပမယ့္ တျခားေဒသတစ္ခုမွာ ထပ္ၿပီး ျဖစ္ေနတယ္၊ အစိုးရေတြ၊ ႏိုင္ငံေရးပါတီေတြ၊ ႏိုင္ငံေရးသမားေတြအေနနဲ႔ ဒုကၡသည္ေတြ ျပန္ပို႔ဖို႔ စဥ္းစားသင့္တယ္လို႔ Save the Children အဖြဲ႔က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဋိပက္ခတွေ ရှိပေမယ့် ဆီးရီးယား ဒုက္ခသည်တွေကို အတင်းနေရပ်ပြန်ခိုင်းနေ

ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပေမယ့် သောင်းနဲ့ချီတဲ့ ဆီးရီးယား ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက သတိပေး ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား အစိုးရက တချို့ဒေသတွေမှာ တိုက်ခိုက် အနိုင်ရပြီဖြစ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ပြီလို့ ပြောဆိုနေတာက ကြားကောင်းအောင် လှီးလွှဲပြောဆိုနေတာ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ဆီးရီးယား ဒုက္ခသည်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ၅ သန်းနဲ့ ဥရောပမှာ ၁ သန်း ရောက်ရှိနေကြပါတယ်။

အကြမ်းဖက်အဖွဲ့တွေကို ဆီးရီးယား ဒေသတစ်ခုမှာ နှိမ်နင်းလိုက်နိုင်ပေမယ့် တခြားဒေသတစ်ခုမှာ ထပ်ပြီး ဖြစ်နေတယ်၊ အစိုးရတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအနေနဲ့ ဒုက္ခသည်တွေ ပြန်ပို့ဖို့ စဉ်းစားသင့်တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)