အာဖဂန်နစ္စတန်မှာ ပစ်ခတ်မှုဖြစ် ဂျပန်နိုင်ငံသားအပါအဝင် ၆ ဦးသေ

0
19

အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရှေ့ပိုင်းပြည်နယ်ဖြစ်တဲ့ နန်ဂါဟာရဲ့ မြို့တော် ဂျလာလာဘတ်မှာ ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့လို့ ဂျပန် NGO အဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ဦး အပါအဝင် လူ ခြောက်ဦးသေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာသေနတ်သမားတွေဟာ ထွက်ပြေးသွားကြောင်း၊ အခု ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်လို့ မထုတ်ပြန်သေးကြောင်း နန်ဂါဟာ ပြည်နယ် ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဆော့ဟ်ရပ်ဘ် ခါဒယ်ရီက ပြောပါတယ်။


အာဖဂန်နစ္စတန်မှာ ပစ်ခတ်မှုဖြစ် ဂျပန်နိုင်ငံသားအပါအဝင် ၆ ဦးသေ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရှေ့ပိုင်းပြည်နယ်ဖြစ်တဲ့ နန်ဂါဟာရဲ့ မြို့တော် ဂျလာလာဘတ်မှာ   ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့လို့ ဂျပန် NGO အဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ဦး အပါအဝင် လူ ခြောက်ဦးသေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာသေနတ်သမားတွေဟာ ထွက်ပြေးသွားကြောင်း၊ အခု ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်လို့ မထုတ်ပြန်သေးကြောင်း နန်ဂါဟာ ပြည်နယ် ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဆော့ဟ်ရပ်ဘ် ခါဒယ်ရီက ပြောပါတယ်။

သေဆုံးသွားခဲ့တဲ့ ဂျပန်လူမျိုးဟာ အာဖဂန်နိုင်ငံအတွင်းမှာ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ လာလုပ်ပေးနေတဲ့ ဂျပန် NGO တစ်ခုက အကြီးအကဲ ဒေါက်တာ တက်စု နာကာမူရာ ဖြစ်ကြောင်း ကောင်စီဝင် ခါဒယ်ရီက ထပ်မံပြောကြားခဲ့ပါတယ်။