တကၠဆက္ စစ္ဌာနမွာ ပထမဆံုး အမ်ိဳးသမီး တပ္မႉး ခန္႔အပ္

0
150

အေမရိကန္ႏိုင္ငံ၊ တကၠဆက္ အမ်ိဳးသား တပ္ဖြဲ႔၊ တကၠဆက္ ေလေၾကာင္းတပ္ဖြဲ႔နဲ႔ တကၠဆက္ ႏိုင္ငံေတာ္ တပ္ဖြဲ႔တို႔ ပါဝင္တဲ့ တကၠဆပ္ စစ္ဌာနရဲ႕ ပထမဆံုး အမ်ိဳးသမီး စစ္ေရးခ်ဳပ္အျဖစ္ ဗိုလ္ခ်ဳပ္ ထေရစီ ေနာရစ္ကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဂ်ရက္ အေဘာ့က အဆိုျပဳလိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ ေနာရစ္ဟာ လက္ရွိမွာ လက္ေထာက္ စစ္ေရးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေနၿပီး ဗိုလ္ခ်ဳပ္ ဂြ်န္ အက္ဖ္ နစ္ကိုး ဒီႏွစ္ကုန္ အၿငိမ္းစားယူတဲ့အခါ ၅၁ ဦးေျမာက္ တကၠဆပ္ျပည္နယ္ စစ္ေရးခ်ဳပ္အျဖစ္ တာဝန္ယူမွာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ ေနာရစ္ဟာ အီရတ္မွာ ႏွစ္ႀကိမ္ တာဝန္ထမ္းေဆာင္ဖူးၿပီး အမွတ္ (၁၇၆) အင္ဂ်င္နီယာ တပ္ရင္းမွာလည္း တပ္မႉးအျဖစ္ တာဝန္ယူဖူးပါတယ္။ ဗိုလ္ခ်ဳပ္ ထေရစီ ေနာရစ္ဟာ ထူးခြ်န္စြာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ဂုဏ္ယူတဲ့အေနနဲ႔ တကၠဆ္ရဲ႕ စစ္ေရးခ်ဳပ္အျဖစ္ ခန္႔အပ္တာ ျဖစ္တယ္လို႔ ျပည္နယ္ခ်ဳပ္အုပ္ေရးမႉး အေဘာ့က ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>

တက္ကဆက် စစ်ဌာနမှာ ပထမဆုံး အမျိုးသမီး တပ်မှူး ခန့်အပ်

အမေရိကန်နိုင်ငံ၊ တက္ကဆက် အမျိုးသား တပ်ဖွဲ့၊ တက္ကဆက် လေကြောင်းတပ်ဖွဲ့နဲ့ တက္ကဆက် နိုင်ငံတော် တပ်ဖွဲ့တို့ ပါဝင်တဲ့ တက္ကဆပ် စစ်ဌာနရဲ့ ပထမဆုံး အမျိုးသမီး စစ်ရေးချုပ်အဖြစ် ဗိုလ်ချုပ် ထရေစီ နောရစ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျရက် အဘော့က အဆိုပြုလိုက်ပါတယ်။

ဗိုလ်ချုပ် နောရစ်ဟာ လက်ရှိမှာ လက်ထောက် စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ဗိုလ်ချုပ် ဂျွန် အက်ဖ် နစ်ကိုး ဒီနှစ်ကုန် အငြိမ်းစားယူတဲ့အခါ ၅၁ ဦးမြောက် တက္ကဆပ်ပြည်နယ် စစ်ရေးချုပ်အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် နောရစ်ဟာ အီရတ်မှာ နှစ်ကြိမ် တာဝန်ထမ်းဆောင်ဖူးပြီး အမှတ် (၁၇၆) အင်ဂျင်နီယာ တပ်ရင်းမှာလည်း တပ်မှူးအဖြစ် တာဝန်ယူဖူးပါတယ်။ ဗိုလ်ချုပ် ထရေစီ နောရစ်ဟာ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂုဏ်ယူတဲ့အနေနဲ့ တက္ကဆ်ရဲ့ စစ်ရေးချုပ်အဖြစ် ခန့်အပ်တာ ဖြစ်တယ်လို့ ပြည်နယ်ချုပ်အုပ်ရေးမှူး အဘော့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)