႐ုရွား ေအာ္သိုေဒါက္ ဘုရားေက်ာင္းေတြကို ယူကရိန္းရဲ စီးနင္းရွာေဖြ

0
180

႐ုရွားနဲ႔ ယူကရိန္တို႔ တင္းမာမႈေတြ ျဖစ္ေနစဥ္မွာ ယူကရိန္းႏိုင္ငံ၊ ၿမိဳ႕ေတြမွာရွိတဲ့ ႐ုရွား ေအာ္သိုေဒါက္ ဓမၼဆရာေတြ ေနထိုင္တဲ့ ဘုရားေက်ာင္းေတြကို ယူကရိန္းရဲေတြက စီးနင္းရွာေဖြမႈေတြ လုပ္ေဆာင္ေနပါတယ္။

ကီေယ့ဗ္နဲ႔ ဇီတိုမိုင္ေဒသရွိ ဘုရားေက်ာင္းေတြကို မေန႔က ဒီဇင္ဘာလ ၃ ရက္ေန႔မွာ ရွာေဖြခဲ့တာျဖစ္ၿပီး အမုန္းတရားနဲ႔ ပဋိပကၡေတြ မျဖန္႔ေဝေအာင္ ရာဇဝတ္ေၾကာင္းအရ စစ္ေဆးတာ ျဖစ္တယ္လို႔ ယူကရိန္း ရဲတပ္က သတင္းထုတ္ျပန္ပါတယ္။

႐ုရွား ေအာ္သိုေဒါက္ ဘုရားေက်ာင္းကို သစၥာခံတဲ့ ဓမၼဆရာေတြရဲ႕ အိမ္ေတြကိုလည္း ယူကရိန္း လံုၿခံဳေရးတပ္ဖြဲ႔ေတြက ဝင္ေရာက္ ရွာေဖြခဲ့ပါတယ္။ ဓမၼဆရာ ၂၀ ေက်ာ္ကို စစ္ေဆးေမးျမန္းဖို႔ ယူကရိန္းရဲတပ္ဖြဲ႔က ဆင့္ေခၚခဲ့တယ္လို႔ ႐ုရွား ေအာ္သိုေဒါက္ ဘုရားေက်ာင္းက ေၾကညာထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>

ရုရှား အော်သိုဒေါက် ဘုရားကျောင်းတွေကို ယူကရိန်းရဲ စီးနင်းရှာဖွေ

ရုရှားနဲ့ ယူကရိန်တို့ တင်းမာမှုတွေ ဖြစ်နေစဉ်မှာ ယူကရိန်းနိုင်ငံ၊ မြို့တွေမှာရှိတဲ့ ရုရှား အော်သိုဒေါက် ဓမ္မဆရာတွေ နေထိုင်တဲ့ ဘုရားကျောင်းတွေကို ယူကရိန်းရဲတွေက စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။

ကီယေ့ဗ်နဲ့ ဇီတိုမိုင်ဒေသရှိ ဘုရားကျောင်းတွေကို မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရှာဖွေခဲ့တာဖြစ်ပြီး အမုန်းတရားနဲ့ ပဋိပက္ခတွေ မဖြန့်ဝေအောင် ရာဇဝတ်ကြောင်းအရ စစ်ဆေးတာ ဖြစ်တယ်လို့ ယူကရိန်း ရဲတပ်က သတင်းထုတ်ပြန်ပါတယ်။

ရုရှား အော်သိုဒေါက် ဘုရားကျောင်းကို သစ္စာခံတဲ့ ဓမ္မဆရာတွေရဲ့ အိမ်တွေကိုလည်း ယူကရိန်း လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ ဓမ္မဆရာ ၂၀ ကျော်ကို စစ်ဆေးမေးမြန်းဖို့ ယူကရိန်းရဲတပ်ဖွဲ့က ဆင့်ခေါ်ခဲ့တယ်လို့ ရုရှား အော်သိုဒေါက် ဘုရားကျောင်းက ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)