
0
176




<>>>>>>>>>>>>>>>>>>>>>>

 

ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာ လက်ထပ်ပွဲတွေ မလုပ်ဖို့ တရုတ် တားမြစ်

ချမ်းသာကြွယ်ဝမှုကို ဖော်ပြနိုင်ဖို့ ခမ်းနားကြီးကျယ်ပြီး အကုန်အကျ များလွန်းတဲ့ မင်္ဂလာ လက်ထပ်ပွဲတွေ မကျင်းပဖို့ တရုတ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။

လက်ထပ်ပွဲတွေဟာ ဆိုရှယ်လစ် တန်ဖိုးနဲ့ တရုတ် အစဉ်အလာ ယဉ်ကျေးမှုကို ဗဟိုပြု ပေါင်းစပ်ရမှာဖြစ်ကြောင်း၊ အကျယ်ချဲ့တာတွေကို ရှောင်ရမှာဖြစ်ကြောင်း တရုတ် အရပ်ဖက်ရေးရာ ဝန်ကြီးဌာနက ပြောပါတယ်။ မင်္ဂလာ လက်ထပ်ပွဲတွေ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲမှာ အစိုးရ အရာရှိတွေက မင်္ဂလာဆောင်ခြင်း၊ လက်ထပ်ခြင်းတွေဟာ တရုတ်သမ္မတ ရှီရဲ့ အတွေးအခေါ်တွေနဲ့ စပ်ဟပ်ဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။

ဒေသ အာဏာပိုင်တွေ အနေနဲ့ လက်ထပ်ခြင်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေ ရေးဆွဲဖို့၊ တရုတ် စီရင်စုနယ်တစ်ခုမှာ လက်ထပ်ပွဲလာ ပရိသတ်ကို ၂၀ဝ ဦးသာ ကန့်သတ်ထားပြီး လက်ဖွဲ့ကိုလည်း ယွမ် ၆ သောင်း (အမေရိကန်ဒေါ်လာ ၈၇၀ဝ) ကျော် တန်တဲ့ ပစ္စည်းဆိုရင် လက်မခံရဆိုတဲ့ စည်းကမ်းမျိုးကို နမူနာယူဖို့ အရပ်ဖက်ရေးရာ ဝန်ကြီးဌာနက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)