
0
155




 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

ယူကရိန်း ကာကွယ်ရေးပိုင်း ပိုမို ကောင်းမွန်ဖို့ လိုကြောင်း သမ္မတ ပိုရိုရှန်ကို ပြော

ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကိုက ရုရှားနဲ့ တင်းမာမှုတွေ ရှိနေချိန်မှာပဲ စစ်ရေးလေ့ကျင် သင်ကြားတာတွေ ပိုမိုလုပ်ဆောင်ဖို့နဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးပိုင်း ပိုမို ကောင်းမွန်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က စတင်ပြီး ရုရှားနိုင်ငံသားတွေကို ယူကရိန်းနိုင်ငံထဲ ဝင်ခွင့်ပိတ်ပင်ခဲ့သလို ရုရှားနဲ့ နယ်စပ်ချင်းထိနေတဲ့ မြို့တွေမှာ ရက်ပေါင်း ၃၀ ကြာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

ရုရှားကတော့ ယူကရိန်း သမ္မတ လုပ်ရပ်က တင်းမာမှုတွေ ပိုမိုဖြစ်အောင် ဖန်တီးနေတာလို့ ပြောပါတယ်။ ယူကရိန်းနိုင်ငံ အနေနဲ့ မတည်ငြိမ်အောင် လုပ်ဆောင်မယ့် လုပ်ရပ်တွေကို တားဆီးနိုင်ဖို့ လိုအပ်ကြောင်း ယူကရိန်း သမ္မတက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)