ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ဆက္ဆံေရး မတည္ၿငိမ္ျဖစ္ေန

0
179

ဂ်ပန္ ကက္ဘိနက္ အတြင္းဝန္ခ်ဳပ္ ယိုရွီဟီဒဲ ဆူဂါက ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးဟာ မတည္မၿငိမ္ အေနအထား ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

စစ္အတြင္းက ျဖစ္ခဲ့တဲ့ အလုပ္သမားအေရး၊ လိင္ေဖ်ာ္ေျဖေပးရတဲ့ အမ်ိဳးသမီးေတြလို႔ ရည္ညႊန္း ေခၚဆိုသူေတြအေရးနဲ႔ တျခား အေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး ဂ်ပန္ရဲ႕ ရပ္တည္ခ်က္ေတြဟာ အေျပာင္းအလဲ မရွိ၊ တစ္သမတ္တည္း ျဖစ္တယ္လို႔ မစၥတာ ဆူဂါက ေျပာပါတယ္။

အဲဒီကိစၥေတြကို ေကာင္းေကာင္းမြန္မြန္ ကိုင္တြယ္ေျဖရွင္းဖို႔ ေတာင္ကိုရီးယားကို ဂ်ပန္အစိုးရက တိုက္တြန္းသြားမွာ ျဖစ္ေၾကာင္းလည္း သူကေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်နဲ့ တောင်ကိုရီးယား ဆက်ဆံရေး မတည်ငြိမ်ဖြစ်နေ

ဂျပန် ကက်ဘိနက် အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါက တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ မတည်မငြိမ် အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

စစ်အတွင်းက ဖြစ်ခဲ့တဲ့ အလုပ်သမားအရေး၊ လိင်ဖျော်ဖြေပေးရတဲ့ အမျိုးသမီးတွေလို့ ရည်ညွှန်း ခေါ်ဆိုသူတွေအရေးနဲ့ တခြား အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ ရပ်တည်ချက်တွေဟာ အပြောင်းအလဲ မရှိ၊ တစ်သမတ်တည်း ဖြစ်တယ်လို့ မစ္စတာ ဆူဂါက ပြောပါတယ်။

အဲဒီကိစ္စတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းဖို့ တောင်ကိုရီးယားကို ဂျပန်အစိုးရက တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)