
0
156

အမေရိကန်နိုင်ငံကနေ တင်သွင်းတဲ့ ကားတွေအပေါ် အခွန်တိုးကောက်တာကို တရုတ်အစိုးရက လျှော့ချသွားမှာ ဖြစ်ပါတယ်။


<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်က တင်သွင်းတဲ့ ကားတွေအပေါ် အခွန်ကောက်ခံမှု တရုတ် လျှော့ချ

အမေရိကန်နိ်ုင်ငံကနေ တင်သွင်းတဲ့ ကားတွေအပေါ် အခွန်တိုးကောက်တာကို တရုတ်အစိုးရက လျှော့ချသွားမှာ ဖြစ်ပါတယ်။
G 20 ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန်စည်တွေ အပေါ် အခွန်ကောက်တာ လျှော့မယ်လို့ ကတိပြုခဲ့ပြီးနောက် တရုတ်ဘက်လည်း အမေရိကန်ကနေ တင်သွင်းတဲ့ ကားတွေကိုအခွန် ကောက်တာ လျှော့ချဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင် တို့တွေဆုံစဉ်အတွင်း ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်လို့ စစ်ပြေငြိမ်းခဲ့ပါတယ်။ အခုလို စီးပွားရေးအင်အာကြီး နှစ်နိုင်ငံအကြား အခွန်ကောက်တာ ရပ်ထားဖို့ သဘောတူညီခဲ့ပြီးနောက် အာရှ စတော့ဈေးကွက်မှာ ရှယ်ယာတွေ ဈေးပြန်တက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)