နှစ်နှစ်အရွယ် ကလေးကို သေစေမှုနဲ့ မိခင်တစ်ဦး ထောင် ၇ နှစ်ချမှတ်ခံရ

0
81

စင်ကာပူနိုင်ငံမှာ ကလေး ခြောက်ဦးရဲ့ မိခင်ဖြစ်သူဟာ ငါးယောက်မြောက် အသက် နှစ်နှစ်အရွယ် သမီးငယ်ကို သေစေမှုနဲ့ ထောင် ခုနစ်နှစ်ချမှတ်ခံလိုက်ရပါတယ်။

မနှစ်က ၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ အသက် နှစ်နှစ်အရွယ် သမီးငယ်ဖြစ်သူက ရေချိုးပြီးလို့ ရေသုတ်ပေးချိန်မှာ သဘက်ပေါ်ကို ဝမ်းသွားခဲ့လို့ ထပ်မံသန့်စင်ပေးပြီး သမီးငယ်ကို ပြောဆိုခဲ့ပါတယ်။ သမီးဖြစ်သူက ငိုနေတဲ့အတွက် မငိုဖို့ပြောတာကို နားမထောင်လို့ ပုခုံးအမြင့်လောက် မြှောက်ပြီး ကိုင်ပေါက်ခဲ့ပါတယ်။ အငိုမတိတ်တဲ့အတွက် နောက်တစ်ခါ ထပ်ကိုင်ပေါက်ပြီး ခြေထောက်နဲ့ကန်ခဲ့ပါတယ်။ 

ကလေးဟာ သတိလစ်သွားခဲ့ပြီး ပါးစပ်ကနေ သွေးထွက်ခဲ့လို့ KK အမျိုးသမီးနှင့် ကလေးဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်နေ့မှာ ကလေးရဲ့ ဦးနှောက် အလုပ်မလုပ်တော့ကြောင်း ဆေးရုံက ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၁၇ ရက်မှာ သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။

အသက် ၃၀ အရွယ် မိခင်ဟာ ၂၀၁၁ ခုနှစ်က သူမရဲ့ လေးလအရွယ် ကလေးတစ်ဦး သေဆုံးခဲ့တာကို ကြုံတွေ့ခဲ့ရပြီး မနှစ်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကလည်း သူ့ရဲ့ အငယ်ဆုံးကလေးဟာ လမစေ့ဘဲ မွေးခဲ့လို့ သေဆုံးခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်တွေကြောင့် မိခင်ဖြစ်သူဟာ အလွန်အမင်း စိတ်ကျရောဂါကို ခံစားနေရသူပါ။ စင်ကာပူတရားရုံးက အဲ့ဒီလို ဝေဒနာခံစားနေရပေမယ့် ပြန်လည်ခုခံနိုင်စွမ်းမရှိတဲ့ ကလေးငယ်တစ်ဦးအပေါ် ပြင်းထန်တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ ပြုလုပ်ခဲ့တာကြောင့် ဒီနေ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ လူသေစေမှုဖြင့် ထောင် ၇ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)