လက်အောက် ဝန်ထမ်းနဲ့ ဇာတ်လမ်းရှုပ်လို့ McDonald အမှုဆောင်ချုပ် အလုပ်ထုတ်ခံရ

0
96

လက်အောက် ဝန်ထမ်းတစ်ဦးနဲ့ နှစ်ဦးသဘောတူ ဇာတ်လမ်းရှုပ်တဲ့အတွက် ကုမ္ပဏီမူဝါဒကို ချိုးဖောက်တယ်ဆိုပြီး အသင့်စား စားသောက်ကုန် လုပ်ငန်း McDonald ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ချုပ် စတိဗ် အီစတာ ဘရွတ်ခ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

McDonald မှာ ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ယူခဲ့တဲ့ မစ္စတာ အီစတာဘရွတ်ခ်ဟာ ဝန်ထမ်းနဲ့ ဆက်ဆံရေးရှိနေမှုက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်လုပ်ဆိုတာ ပြသတာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့က McDonald ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အမှားလုပ်ခဲ့မိကြောင်း၊ ကုမ္ပဏီရဲ့ တန်ဖိုးကို ထောက်ထားသောအားဖြင့် ဘုတ်အဖွဲ့ရဲ့ ထုတ်ပယ်မှုကို သဘောတူပါကြောင်း မစ္စတာ အီစတာဘရွတ်ခ်က ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း Intel ကော်ပိုရေးရှင်းရဲ့ အမှုဆောင် အရာရှိချုပ် ဘရိုင်ယန် ကာဇနစ်ချ်ဟာလည်း ဝန်ထမ်းတစ်ဦးနဲ့ ဇာတ်လမ်းရှုပ်ခဲ့လို့ ကုမ္ပဏီ မူဝါဒအရ စုံစမ်းစစ်ဆေးခံရပြီး ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

လက်အောက် ဝန်ထမ်းနဲ့ ဇာတ်လမ်းရှုပ်လို့ McDonald အမှုဆောင်ချုပ် အလုပ်ထုတ်ခံရ

လက်အောက် ဝန်ထမ်းတစ်ဦးနဲ့ နှစ်ဦးသဘောတူ ဇာတ်လမ်းရှုပ်တဲ့အတွက် ကုမ္ပဏီမူဝါဒကို ချိုးဖောက်တယ်ဆိုပြီး အသင့်စား စားသောက်ကုန် လုပ်ငန်း McDonald ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ချုပ် စတိဗ် အီစတာ ဘရွတ်ခ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

McDonald မှာ ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ယူခဲ့တဲ့ မစ္စတာ အီစတာဘရွတ်ခ်ဟာ ဝန်ထမ်းနဲ့ ဆက်ဆံရေးရှိနေမှုက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်လုပ်ဆိုတာ ပြသတာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့က McDonald ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှားလုပ်ခဲ့မိကြောင်း၊ ကုမ္ပဏီရဲ့ တန်ဖိုးကို ထောက်ထားသောအားဖြင့် ဘုတ်အဖွဲ့ရဲ့ ထုတ်ပယ်မှုကို သဘောတူပါကြောင်း မစ္စတာ အီစတာဘရွတ်ခ်က ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း Intel ကော်ပိုရေးရှင်းရဲ့ အမှုဆောင် အရာရှိချုပ် ဘရိုင်ယန် ကာဇနစ်ချ်ဟာလည်း ဝန်ထမ်းတစ်ဦးနဲ့ ဇာတ်လမ်းရှုပ်ခဲ့လို့ ကုမ္ပဏီ မူဝါဒအရ စုံစမ်းစစ်ဆေးခံရပြီး ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)