
0
331


 






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကတ်တာလိုးနီးယားဒေသ အုပ်ချုပ်ရေးမှုးနဲ့အခြားသူတွေကို ဖမ်းဝရမ်းထုတ်

စပိန်တရားရုံးတစ်ရုံး ဟာ ရာထူးက ဖြတ်ချထားတဲ့ ကတ်တာလိုးနီယားဒေသ ခေါင်းဆောင် ပူဒီမွန့် နဲ့အပေါင်းပါတွေကိုဖမ်ဆီးဖို့ ဥရောပ ဆိုင်ရာဖမ်းဝရမ်းအမိန့်ထုတ်လိုက်ပါတယ်။
ကတ်တာလိုနီးယားဒေသ ခေါင်းဆောင်တွေ ၅ ဦးဟာ မက်ဒရစ်မြို့တရားရုံးရဲ့ အမှု ကြားနာပွဲကိုတက်ရောက်မှုမရှိခဲ့တာကြောင့် အခုလိုမျိုးဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။

ကတ်တာလိုးနီးယားဒေသ အုပ်ချုပ်ရေးဆိုင်ရာ အခြားခေါင်းဆောင် ၉ ဦး ဟာတရားရုံးကိုလာရောက်ခဲ့ပြီး အဲဒီသူတွေကို ဖမ်းဆီးခဲ့ပါတယ်။
ကတ်တာလိုးနီးယားဒေသ ခေါင်းဆောင်တွေကို ပုန်ကန်ဖို့ကြံစည်မှုအပြင် အများပြည်သူငွေကိုအလွဲသုံးစားလုပ်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။
ကတ်တာလိုးနီးယားဒေသ အုပ်ချုပ်ရေးမှုးဟောင်း ပူဒီမွန်က မျှတ တဲ့တရားစီရင်ရေး မဖြစ်တဲ့ ကာလပတ်လုံး စပိန်ကို ပြန်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ပူဒီမွန် နဲ့အပေါင်းပါ ၄ ဦးဟာလက်ရှိမှာ ဘယ်လ်ဂျီယံ နိုင်ငံကိုရောက်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)