
0
278





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာလဝီမြို့က IS အဖွဲ့တွေ လူငယ်တွေ ကို စည်းရုံးပြီး ပြန်တိုက်ခိုက်ဖို့ စီစဉ်နေ

ဖိလစ်ပိုင် နိုင်ငံ မာလဝီမြို့ကို ဆုံးရှုံး လိုက်ရတဲ့ IS စစ်သွေးကြွအဖွဲ့တွေ ဟာ အဖွဲ့တွေကို ပြန်စုပြီး အသေခံဗုံးခွဲတိုက်မှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မှာ ဖိလစ်ပိုင်နိုင်ငံ နော့ရီဒါမီ တက္ကသိုလ် အပြင်ဘက်နားမှာ ကားနှစ်စီးနဲ့ IS လိုလားတဲ့လူငယ်တွေ သွားလာနေခဲ့ပြီး အဲဒီကားထဲမှာလူငယ် ၁၀ဦးပါဝင်ခဲ့ကာ အဲဒီ ထဲ တစ်ဦးဟာ IS အလံကိုချိတ်ဆွဲထားတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

လူငယ်တွေ ဟာ IS စစ်သွေးကြွတွေအတွက် စည်းရုံးလှုံဆော်မှုလုပ်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ IS အလံကိုနောက်ကျောမှာချိတ်ဆွဲထားတဲ့လူငယ်တွေ ဟာ လမ်းတွေကိုလျှောက်သွားခဲ့ပြီး ၁၀ မီနစ် အကြာမှာ ကားမောင်းပြန်ထွက်ခဲ့ပါတယ်။ အ ခုလိုမျိုးလုပ်ဆောင်မှုတွေကြောင့် IS လိုလားသူတွေ ဟာ စည်းရုံးမှု ပြုလုပ်မှုနဲ့အတူ ပြန်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)