
0
74




လာအိုနိုင်ငံကနေ မူးယစ်ဆေး ခိုးသွင်းသူကို ဗီယက်နမ် ဖမ်းဆီး

ဗီယက်နမ် နိုင်ငံသားတစ်ဦးဟာ လာအိုနိုင်ငံကနေ မက်သာဖက်စတမင်း မူးယစ်ဆေး ၄ ကီလိုဂရမ် ခိုးသွင်းလာမှုကြောင့် ငေဟန် ပြည်နယ်မှာ ဗီယက်နမ်ရဲက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် မူးယစ်ဆေး ခိုးသွင်းသူဟာ အောက်တိုဘာလ ၂ ရက်နေ့ညက ကိုင်ဆွန်ခရိုင်ကနေ တစ်ဆင့် ခိုးသွင်းဖို့ ကြိုးပမ်းစဉ် အဖမ်းခံရတာ ဖြစ်ပါတယ်။ သူ့ကို မူးယစ်ဆေးဝါး သယ်ဖို့ လာအိုနိုင်ငံသား တစ်ဦးက အမေရိကန် ဒေါ်လာ ၁ ထောင်နဲ့ ငှားရမ်းခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

ဗီယက်နမ် ဥပဒေအရ ဘိန်းဖြူ ၆၀ဝ ဂရမ်ကျော် ဒါမှမဟုတ် မက်သာဖက်တမင်း မူးယစ်ဆေး ၂ ဒသမ ၅ ကီလိုဂရမ်ကျော် သယ်ဆောင်သူဟာ သေဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဘိန်းဖြူ ၁၀ဝ ဂရမ်ကို ရောင်းဝယ်ရင် ဒါမှမဟုတ် တရားမဝင် မူးယစ်ဆေးတွေကို ၃၀ဝ ဂရမ် ရောင်းဝယ်ရင်လည်း သေဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။


https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)