ယူကရိန္း ကုန္တင္ေလယာဥ္ အေရးေပၚဆင္းသက္ရ၊ အမႈထမ္း ေလးဦး ေသဆံုး

0
79

ယူကရိန္း ကုန္တင္ေလယာဥ္ အန္တိုေနာ့ဗ္ – 12 ဟာ ေရဒါကေန ေပ်ာက္ကြယ္သြားၿပီးေနာက္ ယူကရိန္း အေနာက္ပိုင္း လဲဗစ္ ေလဆိပ္မွာ အေရးေပၚ ဆင္သက္စဥ္ ေလယာဥ္အမႈထမ္း အနည္းဆံုး ေလးဦး ေသဆံုးသြားပါတယ္။

ဆိုဗီယက္ေခတ္က ထုတ္လုပ္တဲ့ အင္ဂ်င္ေလးလံုးတပ္ ကုန္တင္ ေလယာဥ္ဟာ ဒီေန႔ ေအာက္တိုဘာလ ၄ ရက္ မနက္ ၇ နာရီ ၁၀ မိနစ္မွာ ရွစ္မိုင္ခြဲ အကြာအေဝးအေရာက္ ေရဒါကေန ေပ်ာက္ကြယ္သြားခဲ့တာပါ။ ပ်က္စီးသြားတဲ့ ကုန္တင္ေလယာဥ္ထဲကေန ေလယာဥ္ အမႈထမ္းေတြကို ဆြဲထုတ္ခဲ့ရပါတယ္။ 

လဲဗစ္ ေလဆိပ္ မေရာက္ခင္ တစ္မိုင္အလိုမွာ ေလယာဥ္အမႈထမ္းတစ္ဦးက အေရးေပၚ ျပန္လည္ ဆင္းသက္ခြင့္ ေတာင္းခဲ့တာ ျဖစ္ပါတယ္။ လဲဗစ္ကေန စပိန္ႏိုင္ငံကို သြားဖို႔ ျဖစ္ၿပီး ေလာင္စာဆီ ျပႆနာေၾကာင့္ အခုလို အေရးေပၚ ဆင္းသက္ရတာလို႔ ယူကရိန္း အေျခခံအေဆာက္အဦဆိုင္ရာ ဝန္ႀကီး ဗလာဒီဆလပ္ဗ္ ကရစ္လီက ေျပာပါတယ္။  

ယူကရိန်း ကုန်တင်လေယာဉ် အရေးပေါ်ဆင်းသက်ရ၊ အမှုထမ်း လေးဦး သေဆုံး

ယူကရိန်း ကုန်တင်လေယာဉ် အန်တိုနော့ဗ် – 12 ဟာ ရေဒါကနေ ပျောက်ကွယ်သွားပြီးနောက် ယူကရိန်း အနောက်ပိုင်း လဲဗစ် လေဆိပ်မှာ အရေးပေါ် ဆင်သက်စဉ် လေယာဉ်အမှုထမ်း အနည်းဆုံး လေးဦး သေဆုံးသွားပါတယ်။

ဆိုဗီယက်ခေတ်က ထုတ်လုပ်တဲ့ အင်ဂျင်လေးလုံးတပ် ကုန်တင် လေယာဉ်ဟာ ဒီနေ့ အောက်တိုဘာလ ၄ ရက် မနက် ၇ နာရီ ၁၀ မိနစ်မှာ ရှစ်မိုင်ခွဲ အကွာအဝေးအရောက် ရေဒါကနေ ပျောက်ကွယ်သွားခဲ့တာပါ။ ပျက်စီးသွားတဲ့ ကုန်တင်လေယာဉ်ထဲကနေ လေယာဉ် အမှုထမ်းတွေကို ဆွဲထုတ်ခဲ့ရပါတယ်။

လဲဗစ် လေဆိပ် မရောက်ခင် တစ်မိုင်အလိုမှာ လေယာဉ်အမှုထမ်းတစ်ဦးက အရေးပေါ် ပြန်လည် ဆင်းသက်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။ လဲဗစ်ကနေ စပိန်နိုင်ငံကို သွားဖို့ ဖြစ်ပြီး လောင်စာဆီ ပြဿနာကြောင့် အခုလို အရေးပေါ် ဆင်းသက်ရတာလို့ ယူကရိန်း အခြေခံအဆောက်အဦဆိုင်ရာ ဝန်ကြီး ဗလာဒီဆလပ်ဗ် ကရစ်လီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)