
0
1288




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီတလီမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို သေနတ်နဲ့ ပစ်တဲ့သူ ထောင် ၁၂ နှစ်ကျ

အီတလီနိုင်ငံထဲကို ရွှေ့ပြောင်းဝင်ရောက်တဲ့ အာဖရိကသား ခြောက်ဦးကို လူမျိုးရေးခွဲခြားမှု စိတ်အခံနဲ့ ဒဏ်ရာရအောင် သေနတ်နဲ့ ပစ်ခဲ့သူကို တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်လာတဲ့ နိုင်ဂျီးယားတစ်ဦးက အီတလီအမျိုးသမီး တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် မာစေရာတာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က လူကာထရိုင်နီ (၂၉ နှစ်) ဟာ အာဖရိသားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသူ မရှိခဲ့ဘဲ တရားရုံးမှာလည်း လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရစဉ် လူတစ်ဦးရဲ့ အသားအရောင်ဟာ ဘာမှမဟုတ်ဘူးဆိုတာကို နားလည်လာခဲ့ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)