ႏိုဘယ္ဆုရ ဂ်ပန္ပညာရွင္က ဆုေၾကးေငြကို ျပန္လႉဒါန္းမယ္

0
188

ေဆးပညာဆိုင္ရာ ႏိုဘယ္ဆုကို ပူးတြဲရရွိခဲ့တဲ့ ႏိုဘယ္ဆုရွင္ ဂ်ပန္ပညာရွင္က ဆုေၾကးေငြေတြကို လူငယ္သုေတသီေတြအတြက္ ေထာက္ပံ့ဖို႔ သူ႔တကၠသိုလ္ကို လႉဒါန္းေရး စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

က်ိဳတိုတကၠသိုလ္ ထင္ရွားတဲ့ ပါေမာကၡ တာစုကုဟြန္ဂ်ိဳဟာ ေအာက္တိုဘာ ၁ ရက္ေန႔က ဇီဝကမၼေဗဒနဲ႔ ေဆးပညာဆိုင္ရာ ႏိုဘယ္ဆုကို ဂ်ိမ္းစ္ အဲလစ္ဆန္နဲ႔ ပူးတြဲရရွိခဲ့ပါတယ္။ ဟြန္ဂ်ိဳဟာ ကင္ဆာေရာဂါကို တိုက္ဖ်က္တဲ့ ခႏၶာကိုယ္ခုခံစြမ္းအားကို ေမာ္လီက်ဴးအဆင့္အထိ သုေတသန လုပ္ခဲ့တဲ့အတြက္ အသိအမွတ္ျပဳခံရတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ စြမ္းေဆာင္မႈေတြကို သူ႔ေနာက္မွာ ဆက္ခံမယ့္သူေတြကို ကူညီပံ့ပိုးေပးျခင္းအားျဖင့္ တကၠသိုလ္ကို ေက်းဇူး ျပန္လည္ေပးဆပ္လိုေၾကာင္း ပါေမာကၡ ဟြန္ဂ်ိဳက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုဘယ်ဆုရ ဂျပန်ပညာရှင်က ဆုကြေးငွေကို ပြန်လှူဒါန်းမယ်

ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲရရှိခဲ့တဲ့ နိုဘယ်ဆုရှင် ဂျပန်ပညာရှင်က ဆုကြေးငွေတွေကို လူငယ်သုတေသီတွေအတွက် ထောက်ပံ့ဖို့ သူ့တက္ကသိုလ်ကို လှူဒါန်းရေး စီစဉ်ထားတယ်လို့ ပြောပါတယ်။

ကျိုတိုတက္ကသိုလ် ထင်ရှားတဲ့ ပါမောက္ခ တာစုကုဟွန်ဂျိုဟာ အောက်တိုဘာ ၁ ရက်နေ့က ဇီဝကမ္မဗေဒနဲ့ ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဂျိမ်းစ် အဲလစ်ဆန်နဲ့ ပူးတွဲရရှိခဲ့ပါတယ်။ ဟွန်ဂျိုဟာ ကင်ဆာရောဂါကို တိုက်ဖျက်တဲ့ ခန္ဓာကိုယ်ခုခံစွမ်းအားကို မော်လီကျူးအဆင့်အထိ သုတေသန လုပ်ခဲ့တဲ့အတွက် အသိအမှတ်ပြုခံရတာ ဖြစ်ပါတယ်။

သူ့ရဲ့ စွမ်းဆောင်မှုတွေကို သူ့နောက်မှာ ဆက်ခံမယ့်သူတွေကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် တက္ကသိုလ်ကို ကျေးဇူး ပြန်လည်ပေးဆပ်လိုကြောင်း ပါမောက္ခ ဟွန်ဂျိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)