
0
1258




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငလျင်နဲ့ ဆူနာမီကြောင့် အင်ဒိုနီးရှားမှာ လူထောင်ချီ ပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ အင်အားပြင်း ငလျင်နဲ့ ဆူနာမီတို့ကြောင့် သေဆုံးသူဦးရေ ၁၄၀ဝ ကျော်အထိ မြင့်တက်ခဲ့သလို ပျောက်ဆုံးသူ ထောင်နဲ့ချီပြီး ရှိနေပါတယ်။

ရှာဖွေ ကယ်ဆယ်ရေးသမားတွေဟာ အပျက်စီးတွေအောက်မှာ ရှာဖွေနေပေမယ့် ရှာဖွေရေးက ခက်ခဲမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောရေးဆိုခွင့်ရှိသူ နုဂရိုဟိုက ပြောပါတယ်။

သေဆုံးသူနဲ့ ပျောက်ဆုံးသူ အချက်လက်တွေက အပြောင်းအလဲ ရှိလာနိုင်သေးကြောင်းလည်း သူကပြောပါတယ်။ လက်ရှိအချိန်မှာ ငလျင်ဒဏ်ခံရသူ အများစု အခက်အခဲတွေ ရှိနေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေကာ လုယက်မှုတွေရှိလို့ ဆိုင်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက စောင့်ရှောက်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)